အချပ်ပို(၁)

8.5K 1K 27
                                    

[Unicode]

ယုမူကောရဲ့သေဆုံးခြင်းအပြီးမှာ၊ အချစ်ကိုထပ်မံထိတွေ့နိုင်ဖို့ လုကျန်းမင်သတ္တိမရှိခဲ့ဘူး။

သူငယ်ချင်းတွေကစေတနာနဲ့ တွေ့ဆုံပွဲတွေလုပ်ပေးပေမဲ့၊ အားလုံးကိုငြင်းဆိုခဲ့တယ်။

မျက်စိတမှိတ်အတွင်းမှာပဲ အချိန်တွေကုန်ဆုံးသွားခဲ့တယ်။
လုကျန်းမင်က အသက်၃၅နှစ်တောင်ရှိနေခဲ့ပြီ။

အရက်သောက်ဖြစ်တယ်ဆိုတာရှားပါတယ်၊ ယုမူကောနှစ်ပတ်လည်နေ့ကလွဲရင်ပေါ့။

အယ်ကိုဟောကပဲ သူ့အာရုံတွေကိုထွေပြားဝေဝါးသွားစေပြီး၊ ခဏလောက်ပဲဖြစ်ဖြစ် ထိုလူကိုမေ့ထားစေနိုင်တယ်လေ။

အရာရာသာနောက်ပြန်ဆုတ်နိုင်ခဲ့မယ်ဆိုရင်။

...

"လုကျန်းမင် ထတော့၊ ဆရာမရောက်နေပြီ"
ရင်းနှီးပြီးထူးဆန်းနေတဲ့အသံကို လုကျန်းမင်ကြားလိုက်ရတယ်။
မျက်လုံးတွေဖွင့်လိုက်တော့၊ အရိုးပြာအဖြစ်ပြောင်းလဲသွားရင်တောင်မှ မှတ်မိနေဦးမယ့်လူကိုတွေ့လိုက်ရတယ်: ယုမူကော

"မူကော?"
ပါးစပ်ဟလိုက်ပေမဲ့ တုံ့ဆိုင်းနေမိတုန်းပဲ။
စကားပြောဖို့ကိုတောင် ကြောက်လန့်နေရတယ်၊ အိပ်မက်ဖြစ်နေမှာကို စိုးရိမ်မိလို့သာ။
စကားပြောလိုက်ရင်၊ အိပ်မက်ကများနိုးထသွားမလား။

"အင်း၊ ဘာဖြစ်လို့လဲ?"
လူငယ်လေးကခေါင်းလေးစောင်းကာ ပါးချိုင့်လှလှလေးတွေကိုထုတ်ဖော်ပြတယ်။

လုကျန်းမင်မျက်နှာက ရုတ်တရပ်ကြီး ဗလာအဖြစ်သို့ပြောင်းလဲသွားတယ်။

အဲ့ဒါ ယုမူကောပဲ။

သေဆုံးပြီးတာကြာပြီဖြစ်တဲ့ ယုမူကော။

သူချစ်ရတဲ့ သေဆုံးပြီးသားယုမူကော။

"မူကော"
လုကျန်းမင်က ယုမူကောကိုထပ်ခေါ်လိုက်တယ်။

"မင်းဘာလို့ငိုနေတာလဲ? ဘယ်သူ မင်းကိုပြဿနာရှာလို့လဲ? ငါသွားရိုက်ပေးရမလား!"
ယုမူကောက ဒေါသတကြီးပြောတယ်။

လုကျန်းမင်ဟာ ကိုယ့်ကိုယ်ကိုမထိန်းချုပ်နိုင်တော့ဘူး။
တစ်ခြားသူတွေအမြင်ကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ၊ ယုမူကောကိုဖက်ရင်းသာ ဝမ်းနည်းတကြီးငိုကြွေးတယ်။
အဖိုးတန်အမှတ်တရတွေကို ပြန်လည်ရှာတွေ့သွားတဲ့ အထီးကျန်ဆန်ဆန်ကလေးတစ်ယောက်အလားပင်။

ငါသေသွားတာ သူမသိဘူး [မြန်မာဘာသာပြန်]Where stories live. Discover now