အပိုင်း(၁၁)

6.4K 1K 3
                                    

[Unicode]

(၃၃)

ယွမ်ရှစန်းရဲ့လက်ရှိအခြေအနေက ကားတိုက်မှုကြောင့်ဖြစ်သွားခဲ့တာ။

တိုက်မိသူက အရက်မူးနေတဲ့ကားသမားတစ်ယောက်။
မီးနီကိုဖြတ်မိပြီး ယွမ်ရှစန်းကိုတိုက်ခဲ့တာ။
ဘေးလမ်းပလက်ဖောင်းရဲ့ ဆယ်မီတာအကျော်လောက်အထိ လွင့်ထွက်သွားခဲ့တယ်။

ကံကောင်းထောက်မစွာပဲ၊ အသက်မဆုံးရှုံးခဲ့ဘူး။

ယွမ်ရှစန်းအမျိုးသမီးက သတင်းကြားကြားချင်းမှာပဲ လေယာဉ်လက်မှတ်ဖြတ်တယ်။

ဆေးရုံကထွက်လာပြီးနောက်မှာ၊ လုကျန်းမင်ရဲ့အတွေးတွေဟာ ထိုနေ့ကယွမ်ရှစန်းပြောခဲ့တဲ့စကားနဲ့သာ ပြည့်နှက်လို့နေတယ်။

ယုမူကောက စိတ်ကျရောဂါဖြစ်နေတာ။

ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ?

ဒီနှစ်တွေအတွင်း အိမ်ပြန်လာတဲ့အကြိမ်အရေအတွက်နည်းပါးပေမဲ့၊ ယုမူကောကအကောင်းကြီးပါပဲ။

"ယုမူကောလက်ရှိအခြေအနေကို စစ်ဆေးပေး"
လုကျန်းမင်က စိတ်ဖိစီးနေရပြီ။

ယုမူကောမှာဘာတွေဖြစ်ခဲ့လဲဆိုတာ သူသိချင်မိတယ်။

(၃၄)

"မင်းပြန်လာပြီပဲ"
ဆိုဖာပေါ်ထိုင်နေတဲ့ယုမူကောက သူ့ကိုလှမ်းကြည့်လာတယ်။

ပါတီကနေမူးလာတဲ့လုကျန်းမင်ဟာ၊ ဖိနပ်တွေပစ်လွှင့်လိုက်ပြီး ယုမူကောရှေ့ရောက်သွားတယ်။

"မင်း တီဗီကိုကွယ်နေတယ်"
ယုမူကောက မျက်မှောင်ကြုတ်တယ်။

"မူကော ငါ့ဗိုက်နာနေတယ်"
လုကျန်းမင်က ယုမူကောရှေ့ထိုင်ချလိုက်ပြီး မျက်လုံးတွေထဲစိုက်ကြည့်လာတယ်။

ယုမူကောက လျစ်လျူရှုတယ်။

"မူကော ငါ့ကိုဆန်ပြုတ်လုပ်ပေး"
လုကျန်းမင်က ယုမူကောခါးကိုဖက်လိုက်ပြီး ဗိုက်သားပျော့ပျော့လေးပေါ် မျက်နှာအပ်လာတယ်။
ထို့နောက် နူးညံ့စွာပွတ်သပ်နေမိတယ်။

ယုမူကောက သူ့ပုခုံးကိုကန်ကာ အေးစက်စွာပြောလာတယ်
"ဆန်ပြုတ်လုပ်ပေးရမှာလား? မင်းရည်းစားလေးတွေက ငါ့ထက်ပိုကျွမ်းကျင်ပါတယ်။ သူတို့ဆီသွား ငါ့ကိုလာနှောင့်ယှက်မနေနဲ့"

ငါသေသွားတာ သူမသိဘူး [မြန်မာဘာသာပြန်]Where stories live. Discover now