အပိုင်း(၁၀)

6.3K 1K 40
                                    

[Unicode]

(၃၀)

ယွမ်ရှစန်း နိုင်ငံခြားမှာရှိတုန်းက၊ယုမူကောကို လုကျန်းမင်အနိုင်ကျင့်မှာ အမြဲစိုးရိမ်နေခဲ့ရတာ။
ဒါပေမဲ့ အခုလိုကြီးကြုံလာဖို့ကိုတော့ မမျှော်လင့်ထားဘူး။

အဖြူအမည်းပုံထဲကကောင်လေးဟာ ခပ်ရှက်ရှက်အမူအရာလေးဖြင့်။
ယွမ်ရှစန်းမှတ်မိနေခဲ့သလိုပဲ။

သူ့ရှေ့ကအုတ်ဂူကိုကြည့်လိုက်မိတယ်။
ယုမူကောရဲ့အုတ်ဂူ။

မျက်လုံးတွေနာကျင်နေပြီး မျက်ရည်တွေစီးကျလာတယ်။

"မူကော"
ပါးစပ်ဟလိုက်ပေမဲ့ အသံကတော့အက်ကွဲနေတယ်။
ဘယ်လိုလုပ်ပြီး အခုလိုဖြစ်ရတာလဲ?
နှစ်အနည်းငယ်ပဲ ရှိသေးတဲ့ဟာ။
ဘယ်လိုလုပ်ပြီး သူ့ရဲ့မူကောလေး ဒီလိုဖြစ်သွားရတာလဲ?

ယွမ်ရှစန်းဟာ မတ်တပ်ရပ်ဖို့တောင်အနိုင်နိုင်ပင်။
အနားကသစ်ပင်ပင်စည်ကိုလှမ်းကိုင်ရင်း နာကျည်းစွာမျက်ရည်သုတ်နေမိတယ်။

နိုင်ငံခြားသွားတုန်းက အပြုံးနဲ့ပြောလာတာကို မှတ်မိနေသေးတယ်:
"ယွမ်ကောပြန်လာရင် ကျွန်တော်ညစာလိုက်ကျွေးမယ်။ကျွန်တော့်အတွက် ယောက်မရှာလာဖို့ကိုလည်း မမေ့နဲ့ဦးနော်!"

အခု သူပြန်လာပြီလေ။
ဒါပေမဲ့ ညစာလိုက်ကျွေးမဲ့ကောင်လေးကပျောက်ကွယ်သွားခဲ့ပြီ။

(၃၁)

ယုမူကောဟာ စိတ်ကျရောဂါကြောင့် အိပ်ဆေးတွေသောက်ပြီး သတ်သေသွားကြောင်း ယွမ်ရှစန်းသိလိုက်ရချိန်မှာ၊ လုကျန်းမင်ကိုပဲသတ်ချင်မိတယ်။

"ချီးပဲ လုကျန်းမင်! ဘာလို့များ မင်းစကားကိုယုံပြီး ယုမူကောကိုမင်းလက်ထဲထည့်ပေးမိလိုက်တာလဲ?"
ယွမ်ရှစန်းမျက်လုံးတွေကနီရဲနေပြီး...သူဟာ ဖုန်းထဲအော်ပြောနေမိတယ်။

"ဘာတွေပြောနေတာလဲ?"
ရုံးခန်းထဲထိုင်နေတဲ့ လုကျန်းမင်ကမျက်ခုံးတွေတွန့်ချိုးသွားပြီး မေးခွန်းပြန်ထုတ်လာတယ်။

ယွမ်ရှစန်းက ဘာဖြစ်နေတာလဲ?

"မူကောမှာ စိတ်ကျရောဂါရှိတာကိုသိလား?"
စိတ်ထိန်းနိုင်ဖို့ ယွမ်ရှစန်းကြိုးစားနေရတယ်။
မဟုတ်ရင် လုကျန်းမင်ဆီအပြေးသွားပြီး အသေသတ်မိလိမ့်မယ်။

ငါသေသွားတာ သူမသိဘူး [မြန်မာဘာသာပြန်]Opowieści tętniące życiem. Odkryj je teraz