အပိုင်း(၆)

6.6K 1K 39
                                    

[Unicode]

(၁၆)

ယုမူကောနဲ့မတွေ့ရတာ လဝက်ရှိသွားပြီ။

ငါ့ဘဝရဲ့အရေးကြီးတစ်စုံတစ်ရာပျောက်ရှသွားသလိုမျိုး ခံစားနေရတယ်။

အရာရာကလစ်ဟာနေတယ်။
ဒီအရာနဲ့ ငါအသားမကျဘူး။

(၁၇)

"မူကော"
လုကျန်းမင်က မူယွမ်ရဲ့သဘောတကျဖြစ်နေပြီး နာလည်းနာကျင်နေပုံရတဲ့မျက်နှာလေးကိုကြည့်လိုက်တယ်။

မူယွမ်ကပင့်သက်ရှိုက်လာကာ
"အစ်ကိုလု?"

လုကျန်းမင်ကအသိစိတ်ပြန်ကပ်သွားတယ်။

မူယွမ်ကအောက်နှုတ်ခမ်းကိုဖိကိုက်ထားတယ်။
သည်းမခံနိုင်တော့တဲ့အမူအရာလေးဖြင့်။

ငါ အရင်လိုမဟုတ်တော့ဘူး။

ထိတ်လန့်မှုတွေဟာ လုကျန်းမင်မျက်လုံးတွေထဲဖြတ်ပြေးသွားခဲ့တယ်။

ယုမူကောသာဆိုရင် မူယွမ်လိုမျိုးစိတ်ရှည်နေမှာမဟုတ်ဘူး။
သူ့ကိုတစ်ခါတည်းကန်ချပစ်လောက်တယ်။

"မနာဘူးလား?"
လုကျန်းမင်ကခေါင်းငုံ့လာကာ မူယွမ်ရဲ့ခြောက်သွေ့နေသောနှုတ်ခမ်းကိုထိတွေ့လာတယ်။

မူယွမ်ကခေါင်းခါပြတယ်။
သူ့မျက်နှာကဖြူဆုတ်နေပေမဲ့ အပြုံးတွေကတော့အပြည့်ဖြင့်။
"အစ်ကိုလုမို့လို့ မနာဘူး"

သူ့စကားကိုနားထောင်လိုက်ရတဲ့လုကျန်းမင်ဟာ မူယွမ်ကိုနမ်းခဲ့တယ်။

အရင်တုန်းက,ယုမူကောကလွဲရင် ဘယ်သူနဲ့မှမနမ်းခဲ့ဘူး။

သူ့ကိုအရမ်းကြိုက်ခဲ့တဲ့ ကျောင်းကညီငယ်လေး ဟန်လင်းကိုတောင်မှပေါ့။

(၁၈)

တက္ကသိုလ်ကျောင်းသားရေးရာဥက္ကဌလုပ်တုန်းက တွေ့ခဲ့ကျတာ။

အဲ့နေ့တုန်းက,ကျောင်းသားရေးရာထဲဝင်ဖို့အင်တာဗျုးလာဖြေခဲ့ပေမဲ့ သူ့ကိုယ်သူအရူးလုပ်မိခဲ့တယ်။
လုကျန်းမင်ရဲ့ဆွဲဆောင်မှုအောက်မှာမြောသွားခဲ့တာ...သူ့နာမည်ကိုတောင် လုလင်းလို့ပြောခဲ့မိတဲ့အထိပဲ။

အဲ့တော့ ဒီခပ်ချောချောကောင်လေးကို လုကျန်းမင်ကမှတ်မိခဲ့တယ်။

ငါသေသွားတာ သူမသိဘူး [မြန်မာဘာသာပြန်]Where stories live. Discover now