အပိုင်း(၁၈)

6.7K 900 4
                                    

[Unicode]

(၅၈)

ယုမူကောဟာ အေးအေးနေတတ်ပြီး ဆွဲဆောင်မှုရှိတဲ့အတန်းဖော်လုကျန်းမင်က အဖိုးတန်လေးဖြစ်ကြောင်း ရှာတွေ့ခဲ့တယ်။
ဘာပဲလုပ်လုပ် အရမ်းချောနေတယ်!
နောက်ဆုံးမှာတော့၊ မလုပ်ချင်လုပ်ချင်နဲ့ပဲ သူတို့အချိန်တွေကို အတူကုန်ဆုံးဖြစ်သွားတယ်။

"ယုမူကော"
သင်္ချာဆရာကမတ်တပ်ထရပ်လာတယ်။
လူငယ်လေးကတော့ စားပွဲပေါ်မှောက်လှဲပြီးအိပ်ပျော်နေတာ ဟောက်သံအချို့တောင်ထွက်နေပြီ။
ဆရာကသူ့ရဲ့အစွမ်းတွေသုံးကာ မြေဖြူကိုတည့်မတ်စွာပဲ ပစ်ပေါက်လိုက်တယ်။

သို့သော်လည်း၊ ယုမူကောကိုမမှန်ခင်မှာပဲ စာဖတ်နေတဲ့လုကျန်းမင်က မြေဖြူကိုလှမ်းတားလိုက်တယ်။

"လုကျန်းမင်၊ မင်းဘာလုပ်နေတာလဲ? မင်းပါစည်းကမ်းချိုးဖောက်နေတာလား?"
လုကျန်းမင်ရဲ့အပြုအမူက သင်္ချာဆရာကိုစိတ်ဆိုးသွားစေတယ်။

"မဟုတ်ပါဘူး"
လုကျန်းမင်ကတော့ သူ့လက်ကိုပြန်ချရင်း သင်္ချာဆရာကိုမော့ကြည့်လာတယ်။
"ဆရာ၊ဒီပုစ္ဆာကိုဖြေရှင်းဖို့ ပိုလွယ်တဲ့နည်းရှိပါတယ်"

"ပြော"
ဆရာရဲ့အာရုံစိုက်မှုတို့က ကျောက်သင်ပုန်းပေါ်မှာရှိနေတဲ့ သင်္ချာညီမျှခြင်းတွေဆီသို့ အောင်မြင်စွာလမ်းကြောင်းပြောင်းခံလိုက်ရပြီ။
အိပ်မက်မက်နေတဲ့ယုမူကောကတော့ ဖြစ်ပျက်သွားသမျှကိစ္စတိုင်းကို မသိလိုက်ပေ။

အတန်းပြီးတဲ့နောက်မှာ၊ ကျောင်းသားတွေက ယုမူကောကိုပြောပြလာကျတယ်။
ပထမတော့ ယုမူကောကမယုံပါဘူး။
"ရပ်စမ်းပါ၊ မင်ကောလိုလူက ငါ့ကိုဘယ်လိုလုပ်ကူညီမှာလဲ?"

ထိုင်ခုံပေါ်မှီထိုင်လိုက်ပြီး အိမ်စာလုပ်ဖို့ကိုသာ အာရုံစိုက်နေလိုက်တယ်။

"မဟုတ်ဘူး၊အဲ့ဒါအမှန်ပဲ။လူတိုင်းမြင်လိုက်တဲ့ဟာ!"
သူ့ရဲ့စားပွဲဖော်က အခိုင်အမာပြောပြန်တယ်။

ယုမူကောက စက္ကန့်ပိုင်းလောက်တုံ့ဆိုင်းသွားရပြီးမှ
"အာ? ငါ့ကိုနောက်နေကျတာလား?"

မျက်လုံးလှန်ပြလိုက်ပြီး
"ဒီနေ့က April Foolsနေ့မဟုတ်ဘူးနော်"

ငါသေသွားတာ သူမသိဘူး [မြန်မာဘာသာပြန်]Where stories live. Discover now