အပိုင်း(၁၉)

6.6K 891 0
                                    

[Unicode]

(၅၉)

"မင်းဘယ်ရောက်နေတာလဲ?"
ယုမူကောမျက်နှာကတည်နေပြီး၊ လုကျန်းမင်ကိုမေးခွန်းထုတ်လိုက်တယ်။

လုကျန်းမင်က ယုမူကောမေးခွန်းကို မကြားချင်ယောင်ဆောင်လိုက်ကာ၊ သူ့အသံကတော့ အနည်းငယ်အက်ကွဲနေတယ်။
"ငါ့ရှေ့ကဖယ်"

ယုမူကောက နှုတ်ခမ်းတွေတင်းတင်းစေ့သွားတယ်။
"မင်းဘယ်ရောက်နေတာလဲ?"

"မင်းနဲ့ဘာဆိုင်လဲ?"
လုကျန်းမင်ကမျက်လုံးတွေပင့်လာတယ်၊ အေးစက်နေတဲ့မျက်လုံးတွေပေါ့။

ယုမူကောကပေါက်ကွဲပစ်ချင်နေပြီ၊ သို့သော်လည်း ရယ်သာရယ်လိုက်တယ်
"ဒါဆိုလည်း ဝင်ပါမိလို့တောင်းပန်ပါတယ်"

စကားဆက်မပြောတော့ဘဲ၊ အိမ်စာကိုသာဆက်လုပ်နေလိုက်တယ်...လုကျန်းမင်ကတည်ရှိမနေသည့်အလားဖြင့်ပင်။

ထိုင်ခုံပေါ်ထိုင်ရင်း လုကျန်းမင်ကစိတ်ပြန်ငြိမ်သွားတယ်။ ယုမူကောကိုကြည့်လိုက်ပေမဲ့ သူ့ကိုပြန်ကြည့်မလာဘူး။

အရမ်းစိတ်ဆိုးနေတဲ့ပုံပေါ်တယ်။

ကဗျာဟောင်းတွေကိုချကူးနေရင်း၊ ယုမူကောကတွေးနေမိတယ်
"အရမ်းနာမဲ့ပုံပေါက်နေတဲ့ဟာကို၊ အကျင့်မကောင်းတဲ့ကောင်စုတ်ကြီး! ငါ မင်းကိုဂရုစိုက်မလားစောင့်ကြည့်လိုက်၊ လုပ်မိရင်ငါကအရူးပဲ!"

"Ahh"
လုကျန်းမင်က သူ့မျက်နှာပေါ်ရှိဒဏ်ရာကို မတော်တဆထိမိသွားဟန်လေး လုပ်ပြလာတယ်။

သို့သော်လည်း၊ ယုမူကောကအိမ်စာဆက်လုပ်နေပြီး လုကျန်းမင်ကိုလျစ်လျူရှုထားမြဲ။

လျစ်လျူအရှုခံထားရတဲ့လုကျန်းမင်က စိတ်အခြေအနေမကောင်းလှဘူး။
ဒီတစ်ခါတော့ သူတော်တော်လွန်သွားတဲ့ပုံပဲ။
သူ့အတန်းဖော်လေးကို ဘယ်လိုချော့ရမလဲ?

အတန်းထဲမှာ၊ ယုမူကောတစ်ယောက်ကပဲ သူ့နားကပ်ပြီး သူနဲ့ပေါင်းသင်းပေးတာ။
တစ်ခြားကျောင်းသားတွေက သူ့ကိုသိပ်သဘောမကျလှဘူး။
လုကျန်းမင်က ယုမူကောပြုံးတာလေးကို သဘောကျတယ်၊ နေမင်းကြီးကိုသတိရစေတယ်လေ။

ငါသေသွားတာ သူမသိဘူး [မြန်မာဘာသာပြန်]Where stories live. Discover now