ဒါပေမဲ့ ၁လနီးပါးသာကုန်သွားတယ်။ ထန်းမော့က သူမကို စကားတစ်ခွန်းတောင် မပြောခဲ့ဖူးဘူး။ တစ်ကယ်လို့ သူမက ထန်းမော့ကို အရင်သွားပြီး နှုတ်ဆက်ရင်တောင်မှ ထန်းမော့က သူမကို ပြုံးပြဖို့နေနေသာသာ အဖက်တောင်မလုပ်ဘူး။

ရှန်းရှောင်ဟန်က ရုတ်တရက် နည်းနည်း ရွဲ့နေတယ်လို့ ခံစားလာရတယ်။

သူမက ချောင်လန်လောက်လဲ အဆင့်မကောင်းဘူး။ ချောင်လန့်လောက်လဲ ကြည့်လို့မလဘူး။ အားလုံးကလဲ အဲ့လိုပဲ အတူတူတွေးကြမှာပဲ။ ဒါပေမဲ့ ထန်းမော့ကတော့ အဲ့လိုတွေးဖို့ အရည်အချင်းမရှိဘူးလေ။

တစ်ခါတစ်လေကျရင် ရှန်းရှောင်ဟန်က သူ့ကို တိုက်ရိုက်သွားပြီး ပြောပစ်လိုက်ချင်မိတယ်။ ဒါပေမဲ့ ချောင်လန်နဲ့တွေ့ပြီဆိုရင်ဖြစ်သွားတဲ့ ထန်းမော့ရဲ့ နူးညံ့ညင်သာမှု စိတ်ရှည်မှုတွေကို သူမတွေ့လိုက်ရတိုင်း သူမရဲ့ မကျေနပ်မှုတွေအကုန်လုံးက ရုတ်တရက် ပြောင်းလဲ သွားသလိုပဲ။

ခုနလေးတုန်းကလဲ ထန်းမော့က ချောင်လန့်ကို ရယ်ပြလိုက်ပြန်ပြီ။ ရှန်းရှောင်ဟန်က နှုတ်ခမ်းကိုကိုက်လိုက်ပြီး သူမမျက်နှာပေါ်က ရှုပ်ထွေးနေတဲ့ မျက်နှာထားကို ပြင်လိုက်တယ်။ သူမအသံက လုံးဝကို သဘာဝကျနေပြီး တက်ကြွနေတယ်။ " ထန်းမော့ နင်က ချောင်လန့်ကို နေ့တိုင်းနေ့ စာပြပေးနေတာလေ။ တစ်ကယ်လို့ နင့်မှာ အချိန်ရှိသေးရင် ငါ့ကိုလဲ ကူပြပေးလို့ရမလား။ "

ချောင်လန့်က ထန်းမော့ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ ချက်ချင်းကိုပဲ ထန်းမော့မျက်နှာက အပြုံးက လုံးဝပျောက်သွားတယ်။ သူက ရှန်းရှောင်ဟန်ကို အေးစက်စွာ လှမ်းကြည့်လိုက်တယ်။

ရှန်းရှောင်ဟန်က ထန်းမော့ရဲ့ ဖုံးကွယ်မထားတဲ့ အေးစက်စက်အကြည့်ကြောင့် နေရာမှာတင် ကြောင်သွားတယ်။ ပြီးတော့ သူမမျက်နှာပေါ်က အပြုံးကလဲ ရုတ်တရက် တောင့်သွားတယ်။

" အချိန်မရှိဘူး " ထန်းမော့က ပြောလိုက်တယ်။ ပြီးတော့ ခေါင်းကိုလှည့်လိုက်ပြီး ချောင်လန့်ဘက်ကို ပြန်ပြီး အာရုံစိုက်လိုက်တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်जहाँ कहानियाँ रहती हैं। अभी खोजें