''ငါက လုပ်ငန်းစဥ်လေးကို သဘောကျတာပါ"
ကျန့်ယောင်က သူ့ရဲ့မပြီးသတ်သေးသည့်ကြိုးအနီလေးကို စားပွဲပေါ်ပစ်ချခဲ့ကာ ကျောက်ချန်ရဲ့ပခုံးကို ဖက်ရင်း :
''သွားမယ်၊ မင်းက ဧည့်သည်ဆိုမှတော့ ညစာက ငါကျွေးပါ့မယ်''

ကျောက်ချန်မှာ ချက်ချင်းပျော်ရွှင်သွားတော့သည်။
''ကျေးဇူးပါ ယောင်ကော!''

ကျန့်ယောင်က လှည့်ကာ
''ချဲယ်ချဲယ် ဘာစားချင်လဲ?"

ရင်းချဲယ် ကျစ်ထားတဲ့ အသစ်စက်စက်လက်ပတ်ကြိုးလေးကိုကိုင်ရင်း ပြောသည်။
''ငါလက်ပတ်တွေမဝတ်ဘူး၊ မင်းယူမလား?"

ကျန့်ယောင် : ''ငါလည်းမပတ်တတ်ဘူး''

''အော်၊ ဒါဆို ငါလွှင့်ပစ်လိုက်မယ်"

''ဒါဖြင့် အဲ့ဒါလေး......''
ကျောက်ချန်က နှာခေါင်းကိုကုတ်ရင်း အနည်းငယ်ရှက်သလိုခံစားရသည်။
''ကျွန်‌တော့်ကိုပေးလို့ရလား? ကျွန်တော်တော့ ကြိုးက တော်တော်လေးလှတယ်ထင်လို့....''

ကျန့်ယောင် : ''?"

ရင်းချဲယ်ကတော့ မျက်ခုံးရေးရေးကျုံ့ကာ ဘာမှ ပြန်မဖြေ။

လေထုမှာ အနည်းငယ်နေရခက်သွားသည်။

ကျန့်ယောင် ရင်ထဲတစ်ခုခု အထူးတဆန်းခံစားလာရပြန်သည်။ သူကိုယ်တိုင်တောင် အဖြေရှာမရခင်မှာ လက်ကဆန့်တန်းပြီးပြီ။
''ငါ့ကိုပေး"

"မင်းပဲ မပတ်ဘူးဆို?"

''မင်းလုပ်ထားတာမို့လို့ ပတ်မှာ''
ကျန့်ယောင်က သူ့အင်္ကျီလက်ကိုလိပ်တင်လိုက်ကာ လက်ကောက်ဝတ်ကို ဖော်ပြရင်း ခပ်ပြုံးပြုံးနှင့် :
''ငါ့ကိုပတ်ပေးမလား?"

ရင်းချဲယ်က သူ့ကို အတန်ကြာကြည့်နေပြီးမှ ကြိုးကိုလက်ထဲထည့်ပေးလာသည်။
''ကိုယ့်ဟာကိုယ်ပတ်''

Workshopကနေ ထွက်လာပြီး ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက်မှ ရင်းချဲယ်က တစ်ခုခုမေ့နေခဲ့သည်ဆိုကာ ပြန်သွားယူလေသည်။ ကျန့်ယောင်က ထိုအချိန်မှာပဲ ‌ကျောက်ချန်ကို လူရှင်းတဲ့နေရာဆီဆွဲခေါ်လာကာ :

''ကျောက်ချန် မင်းခုနလေးက ဘာသဘောလဲ?"

ကျောက်ချန် တုန်လှုပ်သွားသည်၊ ကျန့်ယောင်က သူ့ကိုနာမည်အပြည့်အစုံခေါ်ခဲတယ် ခေါ်ခဲ့ပြီဆိုရင်လည်း ဘယ်တော့မှ ကောင်းတာမျိုးကြောင့်မဟုတ်ဘူး။

Pay Attention To Me [Myanmar Translation]Where stories live. Discover now