အပိုင်း - ၈၃

Start from the beginning
                                    

ပိုင်ရန် "..."

ပိုင်ရန် ဆွံ့အလို့သွားတယ်။

ဘယ်တုန်းကမှ မူလတန်းကျောင်းတောင် မတက်ဖူးသလို အကြွေးရှင်လိုပုံစံမျိုးနဲ့ တွေးခေါ်တတ်တဲ့ ဗီလိန်တစ်ယောက်က ဒီလိုစကားမျိုးပြောလာတယ်ဆိုတည်းက သူတကယ်ကြီး ပိုင်ရန့်ကို ချစ်မြတ်နိုးနေလို့ပဲဖြစ်မယ်။

သူလုပ်တော့မယ့်အရာကိုတွေးရင်းနဲ့ ပိုင်ရန်အတော်ဝမ်းနည်းလာရတယ်။

"မြောက်ပိုင်းတျန်းရှန်..." နတ်ဆိုးဘုရင်ကြီးက ကိုယ်ကိုလှည့်လိုက်ပြီး မြေပုံကို ပြန်ထုတ်ကာ ပိုင်ရန်ပြောတဲ့နေရာကို ရှာလိုက်တယ်။ မြန်မြန်ဆန်ဆန်ပဲ တောင်တန်းတစ်ခုထဲမှာ ရှာတွေ့သွားပြီး လက်ညှိုးထောက်ပြလိုက်တယ် "ဒီနေရာမှာ"

သူခဏလောက်ရပ်လိုက်ပြီး အနည်းငယ်လည်း စိတ်လှုပ်ရှားနေတယ် "နယ်မြေတိုင်က သုံးခုရှိတယ်၊ တစ်ခု ဖျက်ဆီးလို့ပြီးသွားပြီ နောက်နှစ်ခုရဲ့အချက်အလက်ကို ဘယ်လိုမှ ရှာမရခဲ့ဘူး... မင်းက ရှာတွေ့သွားလိမ့်မယ်လို့ ကိုယ်တော်ထင်မထားဘူး"

သူအခန်းလေးထဲမှာ စိတ်မရှည်ဟန်နဲ့ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေတယ် "ဒါသာ အမှန်ဆိုရင် အောင်မြင်မှုက အစွန်းနားလေးကို ရောက်နေပြီ! ကိုယ်တော်လည်း သေမျိုးနယ်မြေကို ရောက်နေတယ်ဆိုတော့ ကိုယ်တော်ကိုယ်တိုင်သွားပြီး တစ်ချက်လောက် ကြည့်အုံးမယ်..."

ဒီလိုတုံ့ပြန်မှုမျိုး ရလာလိမ့်မယ်လို့ ပိုင်ရန်ထင်ထားပြီးသားဖြစ်တယ်။ နတ်ဆိုးဘုရင်ကြီးရဲ့ပန်းတိုင်က နယ်မြေတိုင်ကို ဖျက်ပြီး သေမျိုးနယ်မြေကို တိုက်ခိုက်တာဖြစ်တယ်။ သူသာ နယ်မြေတိုင်သုံးခုရဲ့အတားအဆီးအကြောင်းတွေကို ပြောပြနိုင်တယ်ဆိုရင် သေချာပေါက် စိတ်ဝင်စားသွားမှာ။

ပိုင်ရန် အပြုံးလေးတစ်ပွင့်ပေးလိုက်တယ် "သွားပြီး တစ်ချက်လောက် ကြည့်ကြည့်လိုက်တော့ အရှင်ကြီးအတွက် ကောင်းတာပေါ့"

နတ်ဆိုးဘုရင်ကြီး တွန့်ဆုတ်သွားတယ် "ဒါပေမယ့်..."

သူဘာကြောင့် တွန့်ဆုတ်သွားမှန်း ပိုင်ရန် သိတာကြောင့် ချွေးသိပ်လိုက်တယ် "အရှင်ကြီးရဲ့ ကိစ္စက အရေးကြီးပါတယ်၊ ကျွန်တော်တို့က ဘယ်အချိန်မဆို ရှုခင်းကြည့်တာက ရတယ်လေ... နောက်ပြီးတော့ အရှင်ကြီးသာ ပန်းတိုင်ကို အောင်မြင်သွားပြီဆိုရင် ဒီလောကကြီးက ကျွန်တော်တို့အပိုင်ပဲ၊ မလည်ပတ်ရမှာကို ဘာကြောင့်များ စိတ်ပူနေတာလဲ?"

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now