38 ( U+Z ) 🚨

6.8K 353 38
                                    

Bar အောက်ထပ် အရပ်စပ်သည့်နေရာ၌နှစ်ယောက်သား ‌ဘေးချင်းယှဉ်ထိုင်လျက်။

"ကိုယ်အားလျှံလက်ကိုခဏကိုင်လို့ရလား"

ဝိုင်ခွက်ကိုကိုင်ထားရင်းနှင့်ဘေးမှာရှိနေသည့် တရား၀င်ခင်ပွန်းသည်ကိုထိုသို့မေးလိုက်ခြင်းဖြစ်သည်။

နှစ်ယောက်သားမယူခင်ကတည်းက အကြောင်းသိနေသော ‌မန်နေဂျာမှာ ဈာန်လင်းထက်၏ခွင့်တောင်းစကားအားကြားမိတော့ ခိုးရယ်မိသည်။

"ဟေ့ ကောင် မင်းငါ့ကိုရယ်တာမလား"

ချက်ချင်းပင်အမြင်လွှဲကာ မန်နေဂျာအားစိုက်ကြည့်ရင်းမေးလိုက်သည်။

အိမ်ထောင်ကျ‌သည်ကား အချိန်ကာလအားဖြင့်အတော်‌ကြာပြီးဖြစ်သော်လည်း လက်ကိုင်ဖို့ခွင့်တောင်းနေဆဲ။ ၎င်းကို သီဟ ရယ်မိသည်ကားမှားမည်မထင်။ ထိုပုံစံသည် ဈာန်လင်းထက်၏ပုံစံအမှန်မဟုတ်ကြောင်းသီဟ သိနေခြင်းကြောင့်ပင်။

Bar မန်နေဂျာ သီဟ သည် ဈာန်လင်းထက်အကြောင်း ခရေစေ့တွင်းကျ သိသူတစ်ယောက်ဖြစ်သည်။

Bar မှတိုက်ခန်းထဲ ကောင်မလေး ဘယ်‌နှစ်ယောက်ခေါ်လာပြီး အိပ်ဖူးသည်ကအစ၊ကောင်မလေးများ၏ နှုတ်ခမ်းနီ ဘယ်နှစ်ချောင်းကျန်ခဲ့သည်ကအဆုံး အကုန်သိတဲ့သူဖြစ်သည်။

"တစ်ခါတွဲ တစ်ခါအိပ်" ဆိုသည့်အလုပ်ရှင်၏ ဆောင်ပုဒ်သည် နွေဦးလျှံနှင့်တွေ့ကာမှပြောင်းလဲသွားသည်ကိုသူအသိဆုံးဖြစ်သည်။

ဈာန်လင်းထက်သည် ဥစ္စာပေါရုပ်ချော သဘောမနောကောင်းသူပင်။ သို့ဖြစ်၍ သူ့အား မျှော့လို အသေရရအရှင်ရရ ကပ်ချင်သည့် အမျိုးသမီးတွေက ခပ်များများ။

သီဟသည်ကား Bar မန်နေဂျာဖြစ်ပေမယ့်လည်း ဈာန်လင်းထက် ခိုင်းသမျှ အကုန်လိုက်လုပ်ပေးရသူဖြစ်သဖြင့် ညီအကိုအရင်းချာလိုပင်။

"ကိုဈာန့် ကို ရယ်တာမဟုတ်ပါဘူး ဗျာ "

"ဒီမှာ ငါဘဲထိုင်နေတာလေ။မင်းကငါ့ကိုမရယ်ဘူးဆိုတော့ ငါ့ကောင်လေးကိုရယ်တာလား သီဟ"

"ဟာ ကိုဈာန့်ကောင်လေးကိုရယ်တာလည်းမဟုတ်ပါဘူး။ဒီအတိုင်း"

The Villain || U+ZWhere stories live. Discover now