16 ( U+Z )

3.5K 361 42
                                    

Bar အတွင်းသို့ဒေါသတကြီးနှင့်ဝင်လာသူသည်ကောင်လေးနှစ်ယောက်ထိုင်နေသည့်ဝိုင်းထံသို့ဆိုက်ဆိုက်မြိုက်မြိုက်ပင်ရောက်လာခဲ့လေသည်။

အမူးသမားလေး ဒေါက်တာနွေဦးလျှံကတော့ ထိုင်နေရင်းနှင့်ပင်စားပွဲပေါ်သို့မျက်နှာအပ်ကာခေါင်းမထောင်နိုင်တော့တဲ့အခြေအနေကိုရောက်နေရပြန်သည်။

"အားလျှံ"

လေသံမာမာနှင့်စိုးရိမ်စိတ်ပါပါခေါ်ရင်းမူးနေတဲ့ကောင်ငယ်လေးအားလှမ်းထူကာရင်ခွင်ထဲထည့်လိုက်သည်။

ငမူးလေးကတော့ဘာဆိုဘာမှသိဟန်မပေါ်။

"ငါခေါ်လာတာမို့လို့ ငါပြန်ပို့လိုက်မယ်"

လင်းဝေဟန်ရင်ခွင်ထဲကနွေဦးလျှံကို ဈာန်လင်းထက်ကလှမ်းဆွဲပြီးသူ့ရင်ခွင်ထဲထည့်ကာဆိုလိုက်သည်။

"ငါ့ကောင်လေး ....ငါ့အပိုင် ....ငါပြန်ပို့ပေးမှာ"

ဟုဆိုကာဈာန်လင်းထက်ရင်ခွင်ထဲကကောင်လေးကိုလှမ်းဆွဲယူလေသည်။

ထိုအခါမှာတော့ဘယ်လက်တစ်ဖက်ညာလက်တစ်ဖက်ကိုလူနှစ်ယောက်ကဆွဲထားသည့်အနေအထား။

အလယ်ရောက်နေတဲ့ ကောင်ငယ်လေးကတော့ ဇက်ပင်လည်နှင့်နေပြီ။ခေါင်းပင်မထောင်နိုင်လေတော့ မြေကြီးပေါ်တွင်တုံးလုံးလှဲချမယ့်အနေအထားမျိုး။

"မင်းပြန်လိုက်တော့"

ဈာန်လင်းထက်စကားအဆုံးတွင် လင်းဝေဟန်ရဲ့လက်သီးက ဈာန်လင်းထက်မျက်နှာပေါ်သို့အရှိန်ခပ်ပြင်းပြင်းနှင့်ကျလာလေသည်။

သူ့ကောင်လေးကိုရင်ခွင်ထဲထည့်ကာ ထိုးလိုက်တဲ့အရှိန်ကြောင့်မြေပြင်တွင်လဲကျနေတဲ့ဈာန်လင်းထက်ကို ဒေါသတကြီးနှင့်ကြည့်လိုက်လေသည်။

Bar ၀န်ထမ်းများကလည်း အလုပ်ရှင်ပြဿနာအရှာခံနေရလေတော့အားလုံးအပြေးအလွှားရောက်လာကြလေသည်။

တချို့က နွေဦးလျှံကိုတွဲကာအပြင်ထွက်သွားတဲ့ လင်းဝေဟန်အနောက်လိုက်သွားပြီး ပြန်ထိုးရန်
ပြောနေကြပေမဲ့ ဈာန်လင်းထက်ကတော့ ဘာပြဿနာမှမရှာရန်တားလေသည်။

The Villain || U+ZWhere stories live. Discover now