အချိန်အားဖြင့်ကားညနေခြောက်နာရီခန့်ဖြစ်သည်။
ဆေးခန်းပိတ်ချိန်ဖြစ်လေတော့ဆေးခန်းတာ၀န်ကျသည့် ဒေါက်တာနွေဦးလျှံကလွဲလျှင်မည်သူမှမရှိ။
တာ၀န်ကျတဲ့သူနာပြုကလည်းစောစောစီးစီးပြန်သွားလေခြင်းကြောင့်ဖြစ်သည်။
"ဒေါက်တာ နွေဦးလျှံခင်ဗျ"
အသံချိုချိုနှင့်ခေါ်ကာဆေးခန်းထဲ၀င်လာတဲ့သူကြောင့်နွေဦးလျှံမျက်မှောင်ကျုံ့မိရပြန်သည်။
"ဘာကိစ္စလဲ ...." လေသံကခပ်မာမာ။
"ကျွန်တော့်နှလုံးကအောင့်နေသလားလို့ ....."
နှလုံးကိုဖိလျက်လူနာကုတင်ပေါ်တက်ထိုင်ရင်းမျက်ခုံးပင့်ပြကာဆိုလိုက်သူကားဈာန်လင်းထက်။
"ကျွန်တော်ဆေးခန်းပိတ်ပြီ။ခင်ဗျားသေခါနီးဖြစ်နေရင်လည်းတခြားအထူးကုဆေးခန်းတွေ၊ပုဂ္ဂလိကဆေးရုံတွေမှာသွားပြလိုက်"
အားလျှံသည်စားပွဲပေါ်တင်ထားတဲ့သူ့အိတ်သူယူကာအပြင်ထွက်ရန်ပြင်လိုက်တော့
"ဆေးခန်းလာပြတဲ့လူနာကိုအဲလိုနှင်ထုတ်ရလား ဒေါက်တာနွေဦးလျှံ"
ကောင်ငယ်လေးရဲ့လက်ကိုလှမ်းဆွဲကာမျက်ခုံးပင့်ရင်းမေးလိုက်သည်။
"ဒီမှာ ကျွန်တော်ခင်ဗျားလိုအားယားနေတာမဟုတ်ဘူးနော်။ခင်ဗျားနဲ့အတူတူအချိန်ဖြုန်းမယ့်သူကိုရှာနေတယ်ဆိုရင်လည်းဝေးဝေးမှာသွားရှာလိုက်"
"ဒေါက်တာနွေဦးလျှံတို့ကနော်။စကားပြောတာလေးက ရှယ်ကောင်း ...."
"ခင်ဗျား ဘာစကားပြောတာလဲ"
တစ်ယောက်မျက်နှာတစ်ယောက်စိုက်ကြည့်လျက်။
တစ်ယောက်သောသူရဲ့မျက်၀န်းထဲမှာတော့ဒေါသတွေအလိပ်လိပ်တက်နေပြီးတစ်ယောက်သောသူရဲ့မျက်၀န်းကတော့အချစ်ဆိပ်များတငွေ့ငွေ့နှင့်။
"ကိုယ့်နှလုံးတွေအောင့်နေပြီနော်"
ဘယ်ဖက်နှလုံးကိုဖိရင်းမျက်စိစုံမှိတ်ကာပြောလာတဲ့သူရဲ့လက်ကို နွေဦးလျှံကဖြုတ်ချလိုက်ပြီးဆေးခန်းအပြင်ဖက်သို့ထွက်လာတော့သည်။