31 ( U+Z )

3.4K 345 20
                                    

အားလျှံရဲ့ စာကြည့်စားပွဲ အံဆွဲထဲမှထွက်လာသည့်ဆေးကဒ်ကို Google ၌ ဈာန်လင်းထက် အသည်းအသန်ပင်ရိုက်ရှာနေမိသည်။

ခေါင်းကိုက်တာလေးတွေကအစ ဓားရှတာလေးတွေအထိပင် နစ်နစ်နဲနဲနှင့် စိတ်ပူတတ်သူဖြစ်ပြန်တော့ထိုဆေးများအား ကြိုးစားရှာရင်း English စာတွေကို ပြူးပြဲဖတ်ရှာသည်။

"အမျိုးသားကိုယ်ဝန်ဆောင်များအတွက် သန္ဓေတားဆေး "

မျက်ခုံးနက်နက်ကို အံ့ဩစွာတွန့်ချိုးမိသည့်အပြင် မျက်လုံနက်နက်တို့ကလည်း အထူးအဆန်းတစ်ခုကို လောလောလပ်လပ်ကြီးတွေ့လိုက်ရသည်မို့ ပြူးကျယ်လျက်သား။

" လိင်ဆက်ဆံပြီး ၇၂နာရီအတွင်းသောက်ရတဲ့ဆေးတဲ့လား"

အမျိုးသားကိုယ်ဝန်ဆောင်များ အကြောင်းသူအနည်းကျဉ်း‌မျှလောက်ကြားဖူးခဲ့သော်လည်း မယုံကြည်မိခဲ့။ သို့ဖြစ်၍အခုကျမှ တအံ့တဩဖြစ်နေရခြင်းပင်။

စစ်တမ်းကောက်ယူမှုမျအရ ကမ္ဘာပေါ်ရှိအမျိုးသားအားလုံး၏ ၀.၁% သာ အမျိုးသားအချင်းချင်းလိင်ဆက်ဆံလျှင် ကိုယ်ဝန်ရနိုင်သူများဖြစ်သည်။

"အခုထိ တစ်ခါမှ အတူမနေရသေးဘဲ ဘာလို့ တားဆေးသောက်နေရတာလဲ။ နောက်ပြီးသောက်ထားတာကနှစ်လုံးတောင်"

ဈာန်လင်းထက်အတွေးများဂယောက်ဂယက်နှင့်။

အားလျှံ ပြန်လာမှသူသေသေချာချာမေးရမည် ဟု၍ အားတင်ကာဖြင့် အခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိတော့သည်။

အခုလောလောဆယ်တော့ သူအဆင်မပြေမှုများနှင့်အတူအခန်းထဲအောင်းနေရုံသာ တတ်နိုင်ပေသည်။

အမှန်ဆို အမေပြောသည့်အတိုင်း အကုန်အကျခံကာ သွေးသားရင်းချာ ကလေးတစ်ယောက်လောက်တော့ သူ ယူချင်ခဲ့ရိုးအမှန်ပင်။

သို့သော်လည်း အားလျှံသည်ကား သူနှင့်ကွာရှင်းကာဝေးရာသို့ထွက်သွားရန်ပြင်နေသူပီပီ တားဆေးများသောက်နေခြင်းပင်။ ၎င်းကို အားလျှံအနေနှင့်တွေးတောခံစားကြည့်လျှင်လည်း မှန်သင့်သလောက်မှန်သည့်ဆုံးဖြတ်ချက်ဟုပြော၍ရနိုင်သည်။

The Villain || U+ZWhere stories live. Discover now