Part 21 (Uni+Zawgyi)

583 13 0
                                    

**Ultra-Love💗**

** အစွန်းရောက် အချစ် **

Part-21

နေဝင်ရီတရော..မိုးချုပ်ခါနီး.မိုးကုတ်ကိုပြန်မယ့်နောက်ဆုံးကားပေါ်တက်ကာ  တောင်ပေါ်မြို့လေးကနေစွန့်ခွာဖို့ ထွက်သွားသည့်တာရာ..

တကယ်လည်းစွန့်ခွာရသည့်အခါမှာတော့ လာပြန်ခေါ်လေမလားဆိုပြီး မျှော်လင့်မိနေသေးသည်...

တာရာ..မင်းကထွက်သွားသင့်တဲ့သူ...ခေတ်သစ်ပြန်လာခေါ်ဖို့မမျှော်လင့်ပါနဲ့ကွာ...ကားလေးတရွေ့ရွေ့နဲ့.စတင်ထွက်ခွာလာချိန်ထိ..ကိုခေတ်ရောက်လာလေမလားဆိုပြီးမျှော်လင့်မိသေးသည်..

၆လအတွင်း.ကိုခေတ်အပေါ်သံယောဇဥ်လေးတွယ်မိသွားပြီးပဲ..တကယ်ထွက်သွားရတော့လည်းနာကျင်ရတယ်ဗျာ......

ကားပြတင်းပေါက်မှန်ကနေမိုးဖွဲလေးတွေတစ်စက်စက် လာရိုက်သည်နှင့်အတူ တာရာလည်း.မျက်ရည်စက်လေးတိတ်တဆိတ်စီးကျလာခဲ့သည်...

ကျွန်တော်မငိုဖို့.ကြိုးစားပါသေးတယ် .......

". ဒယ်ဒီမနက်ဖြန်.တကယ်လိုက်တောင်းပေးမှာနော်..."
". ဒီညလိုက်သွားလို့မရဘူးလား..."

" ခေတ်သစ်....မိုးအရမ်းချုပ်သွားမယ်...မရဘူး..မနက်ဖြန်ပဲ.."

". မာမီ...."

". ဖေကြီးပြောတဲ့အတိုင်းပဲ...."

" သားစိတ်ပူတာကို.မာမီတို့ကရက်စက်တယ် "

ချစ်ရသူပျောက်သွားသည်ကိုဘယ်လိုမျာစိတ်အေးနိုင်မလဲ..မိုးကုတ်ပြန်သွားတာမဟုတ်ခဲ့ရင်ရော....အား..စိတ်ပူလိုက်တာ...ခုလိုက်သွားရင်လဘ်း တာရာ့အိမ်ကိုမသိဘူး.....အိပ်လို့လည်းမပျော်တော့ပါဘူး...

ဆပ်ပြာသည်လင်ပျောက်သလို.လူးလိမ့်နေရင်းမနက်.၄နာရီထိုးလာခဲ့ပါတယ်...အိပ်မပျော်မယ့်အတူတူကုန်းထကာ မျက်နှာသစ်ရေချိုးပြိး သားသားနားနား.ဝတ်ဆင်ကာ.မနက်.၅နာရီလောက်မှာ..မိုးကုတ်သို့ချီတက်ခဲ့ကြသည်

မိဘတွေကလည်း...သားလေးအစောကြီးထတော့ အစောကြီးထကြရပြီး မိုးကုတ်ကို ခေတ်သစ်နှင့်အတူလိုက်သွားကြရသည်

Ultra-Love❤**အစွန်းရောက်အချစ် ** (Uni+zawgyi)Wo Geschichten leben. Entdecke jetzt