Part-16(Uni+Zawgyi)

521 17 0
                                    

**Ultra-Love💜**

** အစွန်းရောက်အချစ်..**

Part-16

ဒုန်းဆိုသည့်ပဲ့တင်ထပ်သံနှင့်အတူ မှောင်ကျသွားတဲ့အခန်းငယ်ထဲမှာ..အသက်ရှူကြပ်မတတ်ရင်နာကာချုံးချုံးချ ငိုမိသည်

ဘာကြောင့်လဲ...ဘာလို့ငါပြန်လဲ.ကိုယ့်ကိုမချစ်တဲ့သူကို.ချစ်နေရတာမလုံလောက်သေးလို့ ကိုယ်မချစ်တဲ့သူနဲ့ပါ အတူနေရတော့မှာလား...

ကံကြမ္မာက ကျွန်တော့်အပေါ်သိပ်ရက်စက်တယ်.ဘယ်တတ်နိုင်မလဲ ကံကြမ္မာကိုအပြစ်တင်တာကလွဲ ပြီး အသက်ရှင်နေရတဲ့ငါကဘာတတ်နိုင်သေးလဲ.....ပါးပေါ်အလိမ့်လိမ့်ကျနေတဲ့မျက်ရည်တွေဟာလည်းသုတ်သူမဲ့ကာခြောက်ကပ်နေရှာ၏

တစ်ဆစ်ဆစ်နာနေတဲ့ခေါင်းနှင့်အတူ နိုးထလာတော့ဝမ်းဗိုက်သားတွေဟာလည်းအောက်လို့.. ဘေးနားဝေ့ဝိုက်ကြည့်တော့ ချစ်ရတဲ့လူသားလေးတာရာကိုအစအနတောင်နတွေ့ရပေ

ကြေမွနေတဲ့မြေပေါ်ကချယ်ရီပွင့်ဖတ်တွေကိုမြင်ရုံနဲ့တင် ရုန်းရင်းဆန်ခတ် ဆွဲခေါ်သွားမှန်း တန်းသိသည်
တာရာ. ဘာမှမဖြစ်ပါစေနဲ့ဘုရားသခင်...
နာကျင်မှုနှင့်အ​တူကုန်းရုန်းထကာရွက်ခတ်တိ​ု့ဆီအပြေးပြန်လာရသည်

ရွတ်ခတ်တို့လည်းအိမ်သို့ရောက်ခါစ.အမောဖြေယုံသေးရှိသေးသည် မြတ်သူအလောတကြီးနဲ့ပြေးဝင်လာကာ  ဒဏ်ရာရထားသည့်အနေအထားမို့နှစ်ယောက်လုံးထိတ်လန့်သွားရ၏

" မြတ်သူဘာဖြစ်လာတာလဲ..တာရာရော.."

" တာရာ...တာရာကို.ဟိုကောင်ဆွဲခေါ်သွားတယ်..."

ရှိုက်ငိုသံနှင့်အတူထူပူနေတဲ့ရင်ဘတ်တစ်ခုလုံးလည်းတာရာကိုစိတ်ပူနေတာလွဲ၍ ဘာမှမရှိနိုင်

" စိတ်အေးအေးထားမြတ်သူ.....ဘယ်ကောင်ခေါ်သွားတာလဲ.ဖြေးဖြေးပြော."

" ခေတ်သစ်...ကသူ့လူတွေနဲ့ငါ့ကိုရိုက်ပြီး တာရာကိုဆွဲခေါ်သွားတာ..ငါ..ငါတာရာကိုမကာကွယ်လိုက်နိုင်ဘူး..."

" ဘာခေတ်သစ်က...တာရာကို..ဘာလို့လဲ..."

". ခေတ်သေစ်ကတာရာကို.တစ်ဖတ်သက်ကြိုက်နေပုံရတယ်."

Ultra-Love❤**အစွန်းရောက်အချစ် ** (Uni+zawgyi)Where stories live. Discover now