Part-1(Uni+Zawgyi)

4.2K 93 1
                                    

Unicode

**Ultra-Love❤**

** အစွန်းရောက်အချစ် **

Part-1

ဆောင်းရာသီမနက်ခင်းတစ်ခုမှာ အနွေးထည်လေးတွေကိုယ်စီနဲ့ တစ်နေ့တာစတင်ဖို့ လှုပ်ရှားနေကြတဲ့လူတွေကိုကြည့်ပြီး ကျွန်တော်သက်ပြင်းသေးသေးလေးချမိတယ်.ကျွန်တော်လည်းထိုနည်းသူ ကျွန်တော့်ရဲ့ခက်ခဲတဲ့ တစ်နေ့တာကိုစတင်ရတော့မယ်မလား

" ရွက်ခတ်ရေ မြန်မြန်လာဟေး....ငါတို့ပန်းအော်ဒါ.အများကြီးရထားတယ်."

တောင်ပေါ်မြို့သေးသေးလေးရဲ့ ဆောင်းရာသီမနက်ခင်းဟာ မြေပြန့်ထပ်ပို၍အေးတတ်တယ်မလား ကျွန်တော့်ရဲ့ ပန်းဆိုင်ဆိုရင်လည်း ဒီဆောင်းရာသီဆို ပန်းတွေပိုစုံတတ်တာမလို့ ဒီလိုအေးနေတဲ့အချိန်မှာဆို ပန်းတွေအော်ဒါပိုမှာကြပါတယ်

ကျွန်တော်ကတော့အသက်၂၃နှစ်ရှိပါပြီး စိုက်ပျိုးရေးနဲ့ကျောင်းပြီးထားသူပီပီ မိဘတွေအမွေချန်ခဲ့တဲ့ ပန်းခြံကြီးမှာ ကျွန်တော်စိုက်ချင်တဲ့ပန်းမျိုးစိတ်သစ်မျိုးစုံကို ကြိုးစား စိုက်လေ့ရှိတယ် ဆိုင်သေးသေးလေးတစ်ဆိုင်ဖွင့်ကာသာမာန်လုပ်ကိုင်စားသောက်နေတဲ့သူတစ်ဦးလည်းဖြစ်တယ်

" ဗျို့.....ဘကြီး...ကျွန်တော်လာပြီး...ပန်းအော်ဒါ တယ်များသလား.ဘကြီးရေ."

ကျွန်တော့်ခြံ ​ေစာင့်ဘကြီးရယ် ကျွန်တော်ရယ် သူ့သား.တာရာမင်းဝေရယ်.ပုံမှန်ဆို ၃ယောက်နဲ့ဆိုင်ထိန်းနိုင်တယ် ဆိုင်ကအရမ်းမကြီးပေမယ့် အော်ဒါများတဲ့ရာသီဆို တာရာ့သူငယ်ချင်း မောင်ကောင်း.ကိုပါအကူခေါ်ရလေ့ရှိပြီး ပန်းအော်ဒါမရတဲ့နေ့တွေဆို ခြံထဲမှာ မျိုးစေ့အသစ်တွေကို စမ်းသပ် စိုက်ပျိုးလေ့ရှိတယ်

" များဆိုလို့ တောင်ကုန်းထိပ်ကစံအိမ်သူဋ္ဌေးက ဒီနှစ်သူ့သားမွေးနေ့ကို ဒီမှာလာကျင်းပတယ်လေ.."

" ဗျာ.....ဇေစံအိမ်လားဘကြီး."

" ဟုတ်တယ်သား....."

သြော်ဟုတ်သား..ကျွန်တော်မေ့နေတာပဲ ဒီနေ့ဆို ဇေရတု.အသက်၂၅ပြည့်တဲ့နှစ်ပဲ ဟား..ဟား..ရိီရတယ်...ဘာလို့ပြန်လာတာလဲ ဘာလို့လဲ..ဘာလို့ကျွန်တော့်ပန်းဆိုင်ကိုမှ ပန်းမှာရတာလဲ

Ultra-Love❤**အစွန်းရောက်အချစ် ** (Uni+zawgyi)Where stories live. Discover now