part-2(Uni+Zawgyi)

1.1K 52 0
                                    

Unicode

** Ultra-Love❤**

** အစွန်းရောက်အချစ် **

Part-2

ဘယ်လိုတောင်ကံဆိုးတဲ့နေ့မို့လဲ.....မင်းကရောဘာတွေမျက်ရည်ဝဲနေတာလဲ....အရင်ကထက်နည်းနည်းအရပ်ရှည်လာတာကလွဲရင် မင်းကချစ်ဖို့ကောင်းနေဆဲပါလား..ဟက် အသားလေးကပိုဖြူလာတယ်နော်..ဆံပင်လေးကအဝါရောင်လေးနဲ့ နဖူးဖုံးနေပြီး မျက်မှန်ဝိုင်းဝိုင်းလေးနဲ့ အရင်ကငါဆို မင်းကိုချစ်ဖို့အရမ်းကောင်းတယ်လို့ပြောမိမှာပဲ

ငါ့ဘဝထဲကနေတစ်ခါထွက်သွားပြီးရင် ပြန်ဝင်ဖို့မမျှော်လင့်နဲ့ရတု...မင်းပြန်ဝင်ဖို့ကြိုးစားရင် ငါ့အဆိုးမဆိုနဲ့ပေါ့..မင်းကြောင့်ငါ့မှာ အရာရာသုည ဖြစ်ခဲ့ရတာ

ရတု နဲ့စကားဆက်ပြောချင်စိတ်မရှိတာနဲ့ ပန်းခြံထဲကိုပြန်လာခဲ့လိုက်တယ်.

လွတ်နေတဲ့စိတ်တွေကိုစုစည်းဖို့ ဝီစကီပျင်းပျင်းလေးတစ်ခွက်ကိုမော့ချရင်း.ေဖြသိမ့်နေမိတယ်.ဆေးလိပ်လေးကနှစ်သိမ့်ဖော်ပေါ့

" ဘာလို့လဲရတုရာ...မင်းကအပြစ်မရှိတဲ့လူသားလေးလို တစ်ကြိမ်ထပ်ပေါ်လာရတာလဲ... ကျစ်."

သောက်အသုံးမကျတဲ့မျက်ရည်ကရောဘာလဲ နာကျည်းမှုလား... တောက်စ်..စိတ်တိုတိုနဲ့တောက်တစ်ချက်ခေါက်ကာ ​ပန်းပင်တွေကိုရေလောင်းဖို့ ရေစက်ထဖွင့်လိုက်သည် တစ်နေ့တာအလုပ်စလုပ်ရင်း. ရတုကိုမေ့ဖို့ ကြိုးစားရပြန်သည်

----------------

ချယ်ရီပင်အောက်မှာ..အိပ်မက်အလား.ထင်ရသည့် ကိုယ့်ချစ်ရတဲ့သူကိုအသက်ရှင်လျက်ပြန်တွေ့တော့ပြေးဖက်ချင်ခဲ့မိတာအမှန်..ဘယ်လိုအကြောင်းကများ.စိမ်းကားရက်တာလဲ.ရွက်ခတ်ရယ် အတိတ်ကပျော်ရွှင်ကြည်နူးခဲ့တဲ့အကြောင်းအရာတွေကိုတွေးမိရင်း ေကြကွဲရ​ ပြန်သည်

ရွက်ခတ်အထက်တန်းအောင်သည့်နှစ်ကဖြစ်သည် ကျွန်တော်ကတော့ ရွက်ခတ်အောင်စာရင်းထွက်ထွက်ချင်း တောင်ပေါ်မြို့လေးကိုမိဘတွေမသိအောင် အချစ်ရှိရာအရပ်ဆီခြေစုံဆန့်ပြိီး ပြေးလာခဲ့မိသည်

ပန်းတွေအလီလီပွင့်နေသည့်ခြံကြီးထဲရောက်သည်နှင့် အသံကုန်အော်ကာ ရွက်ခတ်ကိုရှာနေမိပြန်သည်

Ultra-Love❤**အစွန်းရောက်အချစ် ** (Uni+zawgyi)जहाँ कहानियाँ रहती हैं। अभी खोजें