Part-13 (Uni+Zawgyi)

530 20 2
                                    

** Ultra-Love❤**

**အစွန်းရောက်..အချစ်.**

Part-13

ဇေစံအိမ်၌ဖြစ်သည်

" သားကြီး..ပြန်လာပြီးလား.."

ဧည့်ခန်းကဆိုဖာပေါ်မှာထိုင်​ေနသည့်.ဒယ်ဒီဖြစ်သူက အပြင်ကနေပြန်လာသည့်ခေတ်သစ်ကို လှမ်းခေါ်လိုက်သည်

" ဒယ်ဒီ.ဆီခဏလာပါအုံး..."

". ဟုတ်ကဲ့ ဒယ်ဒီ.."

" အမေရိကားကနေပြန်ရောက်ကတည်းက.အိမ်သိပ်မကပ်ပါလား...သားရယ်."

". သူငယ်ချင်းတွေကိုနှုတ်ဆက်နေလိို့ပါ ဒယ်ဒီ.."

နှုတ်ခေါင်းလေးတရှုံ့ရှုံ့နဲ့ဖြေနေသည်မို့.ဖခင်ဖြစ်သူဟာလည်း သူ့သားကိုသံသယဝင်လာပါတော့သည်
ဆေးသမားဖြစ်တတ်တဲ့လက္ခဏာ ပုံမျိုး စကားပြောရင် မျက်လုံးတွေ လည်းဂဏာမငြိမ်ခြေလက်တွေလည်း ဘာထိလို့ဘာကိုင်ရမှန်းမသိ လုံးဝကို ရိပ်မိလောက်တဲ့ထိ ဒီကောင်ဆေးတွေချနေတာလား...ဖခင်ဖြစ်သူကစဥ်းစားနေမိသည်

" သားလည်အရွယ်​ရောက် ပီးဆိုတော့..အိမ်ထောင်ပြုဖို့.မစဥ်းစားထားဘူးလား.."

" ညီလေးကိုစိတ်မချသေးလို့ပါ.."

" ဇေလေးကို.စိတ်ချလိုက်ပါသားရယ်....သူလည်း.သူ့ချစ်သူနောက်လိုက်သွားတာပဲ.တစ်နေ့ဒက္ခရောက်မှပြန်ခေါ်ကြတာပေါ့. သူ့ကောင်လေးသူ့ကိုချစ်ရှာပါတယ်.."
" ဒယ်ဒီ.အသိုင်းအဝိုင်းထဲမှာ.ညီလေးကို ဒီလိုပဒလွှတ်ထားတော့မှာလား...ဇေအိမ်သိက္ခာဘယ်လောက်ကျလဲ.ဒယ်ဒီရာ.."

" ဇေအိမ်သိက္ခာကြည့်ခဲ့လို့ သားငယ်လေးဘဝပျက်မတတ်ခံစားခဲ့ရပီးပီးပဲ.ဒီတစ်ခါတော့ သားငယ်လေးဆန္ဒကို.ဒယ်ဒီမကန့်ကွက်ချင်တော့ဘူး..သားကြီးကိုလဘ်းအိမ်ထောင်ချပေးဖို့စီစဥ်ထားတယ် ကျောက်မျက်ရတနာလုပ်ငန်းက.ဒေါ်မာစီရဲ့ သမီးလေးနဲ့.."

" ဒယ်ဒီအဆင်ပြေသလိုစီစဥ်ပါ..သားကအဆင်ပြေပါတယ်.."

" ကောင်းပြီးမဂ်လာရက်သတ်မှတ်ပြီး.စီစဥ်လိုက်မယ်နော်"

တော်သေးတယ် မိန်းမရသွားရင်ဆေးတွေအချလောက်တော့ဘူးအထင်နဲ့.သူ့လုပ်ငန်းပါတနာသမိးလေးနဲ့.နေရာချပေးဖို့ စီစဥ်လိုက်သည်

Ultra-Love❤**အစွန်းရောက်အချစ် ** (Uni+zawgyi)Where stories live. Discover now