Part-17(uni+zawgyi)

497 13 0
                                    

**Ultra-Love💙**

**အစွန်းရောက် အချစ် **

Part-17

တာရာလည်းအကြံကြီးနဲ့ ခေတ်သေစ်နောက်ကိုလိုက်သွားကာမြို့ပြင်အရောက်..ရတုတို့သားအမိ ၃ယောက်နဲ့တည့်တည့်တိုးကာ.ပြေးစရာလမ်းပျောက်ခဲ့ရရှာသည်

" ဟာ.တာရာ..ဘယ်လိုလုပ်ကြမလဲ မာမီနဲ့ ဒယ်ဒီ.လိုက်မီသွားပီး.."

" ကိုခေတ်သစ် စိတ်အေးအေးထားပါ..ကျွန်တော်..ခင်ဗျားဘက်မှာရှိနေသရွေ့..သူတို့ဘာမှလုပ်လို့မရပါဘူး.."

အခုလေးတင်ဆေးသုံးထားတဲ့လူအဖို့စိတ်အေးအေးထားနိုင်မယ်ဆိုတာဖြစ်နိုင်လား..မဖြစ်နိုင်ဘူးလေနော်..ကားထဲမှာ တုန်လှုပ်ချောက်ခြားစွာ စိုးရိမ်နေရှာတယ်..တာရာကို.ဘယ်လိုတောင်ဆုံးရှုံးမှာကြောက်နေတာလဲ..

". ကျွန်တော်နဲ့အတူဟိုတံတားပေါ်ကခုန်ချရဲလား ကိုခေတ်သစ်.."

တာရာတို့ကားနဲ့.တစ်ဖက်လမ်းမှာ လမ်းခွလေးကနေ တံတားတစ်စင်းရှိနေတယ် အရမ်းကြီးမကျယ်ပေမယ့်ရေတော့အစီးသန်သည့်ချောင်းတစ်စင်းဖြစ်သည်

တာရာညွှန်ပြရာကို ခေတ်သစ်လိုက်ကြည့်ရင်း...တာရာနှင့်အတူဆို ဘယ်လမ်းခေါ်ခေါ် သူလိုက်မည်ဟုပင်ဆုံးဖြတ်ချထားခဲ့သည်

". တာရာ သာကိုနဲ့အတူဆို ကိုဘယ်နေရာမဆိုသွားရဲတယ်.. ".

ကားပေါ်ဆင်းပြေးကြဖို့..ကားကနေအထွက် ခြေသွက်တဲ့ရတုကသူတို့နားရောက်နှင့်နေတယ်.

" တာရာ..မင်းဘာဖြစ်သွားသေးလဲ.....ငါတို့မင်းကိုလာကယ်တာ....သူမင်းကိုဘာလုပ်လိုက်သေးလဲ.."

တာရာကိုစိုးရိမ်စွာမေးနေတဲ့.ရတုကို ကားပေါ်ကဆင်းလာသည်နှင့် ဘေးကိုတွန်းချလိုက်သည်.ထိုအခိုက်အတန့်...ရွက်ခတ်တို့လည်းရောက်လာခဲ့သည်.တော်သေးတာကရဲတွေမပါလာခဲ့ပေ

" တာရာ..မင်းဘာလုပ်တာလဲ.."

ရတုကိုတွန်းချ လိုက်သည့်အတွက်ရွက်ခတ်စိတ်ဆိုးမိသည် အမှန်..သူ့ကိုလာကယ်သူကို..ဘယ်လို​တေင်ဆက်ဆံလိုက်တာလဲ..ခေတ်သစ်ကဘာတွေခြိမ်းခြောက်ထားလို့လဲ.

Ultra-Love❤**အစွန်းရောက်အချစ် ** (Uni+zawgyi)Unde poveștirile trăiesc. Descoperă acum