Part-19 (Uni+Zawgyi)

492 14 0
                                    

** Ultra-Love🖤**

** အစွန်းရောက် အချစ်**

Part-19

ကျယ်ဝန်းလှတဲ့ခြံကြီးထဲမှာ.ခြောက်သွေ့သည်ဟုထင်ရသည့် အနီရောင် ၃ထပ်တိုက်ကြီးရဲ့..ဒုတိယအစွန်းဆုံးအခန်းတွင်..ခေတ်သစ်ကို သံကြိုးလေးခတ်ကာ..ထိန်းသိမ်းထားခဲ့တာ.၂လရှိပြီး.....

မှန်ပါတယ် စိတ်တ္တဇဆေးရုံပါ...ဆေးစွဲနေတဲ့လူတစ်ယောက်ကို ဆေးဖြတ်ဖို့ဆိုတာ အင်မတန်ခဲရင်းလှသလို ဆေးဖြတ်ခံရတဲ့လူကလည်း ဆေးဖြတ်ချင်တဲ့စိတ်.စိတ်အားထက်သန်နေမှသာ.မူးယစ်ဆေးဆိုတဲ့ သားကောင်ကြီးကိုပြတ်မှာပါ  ...

အယောက်၁၀၀မှာ ၉၀လောက်က ဆေးဖြတ်ပြီးပြန်သုံးနေကြတဲ့လက်တွေ့ဘဝမှာ  .ဆေးပြတ်နိုင်တဲ့ ၁၀ယောက်ဟာအင်မတန်မှ စိတ်ဓာတ်မာရပါတယ် ဒါဟာ ဆေးဖြတ်နေနဲ့လူတွေရဲဲ့ကြံ​ုနေရတဲ့ ဒုက္ခတစ်ချို့ပါ...

သံကြိုးကိုလက်မှာခတ်ထားပြီး အိပ်​​ပျော် နေတဲ့ခေတ်သစ်.ကို အပြင်ကနေ တာရာ ငေးကြည့်နေမိသည် တကယ်ကို အိပ်ပျော်နေတဲ့အချိန်ဆိုအရမ်းဖြူစင်တာ

" လူနာရှင်...လူနာအခြေအနေလေး.ဆွေးနွေူချင်လဲ့ ဆရာကြီးအခန်းထဲ ကြွပေးပါ.."

Nurse တစ်ယောက်ရဲ့ခေါ်သံနှင့်အတူ..ဆရာကြီးရုံးခန်းကိုလိုက်သွားခဲ့သည်.စိတ်ကျန်းမာရေးအထုကုဆရာဝန် ကြီး ၏ပြောကြားချက်အရ ခေတ်သစ်ဟာ စိတ်အားထက်သန်တဲ့ လူနာတစ်ယောက်ဖြစ်သည့်အတွက် ပုံမှန်ထပ်.ဆေးပြတ်ဖို့ မြန်လိမ့်မယ်တဲ့..

". လူနာကခုနကတင်..စိတ်ဖောက်ပြီး.သောင်းကျန်းသေးလို့.အိပ်ဆေးထိုးထားတယ်... ခနနေ...သူနိုးလာရင်.ဆေးရုံရှေ့ကပန်းခြံမှာ လေကောင်းလေသန့်ရှူပြီး စကားပြောကြည့်ပါ သူကခင်ဗျားကိုပဲတစ်မျှော်မျှော်နဲ့...ခင်ဗျားကိုအရမ်းချစ်ရှာတဲ့ပုံပဲ..."

" ကျေးဇူးပါဒေါက်တာ  ကျွန်တော်စကားပြောကြည့်လိုက်ပါ့မယ် "

" အခြေအနေတွေအရမ်းတိုးတက်လာတော့နောက်လလောက်ဆိုအိမ်မှာပြုန်ကုလို့ရလောက်ပြီး.."

၂လအတွင်းပထမဆုံး ေခတ်သစ်အပြင်ထွက်ခွင့်ရတဲ့နေ့ပင်  အိပ်ဆေးအရှိန်ကြောင့် မူးယစ်ဆေးကိုသိပ်မတောင်းတတော့ပေ တောင်းတလာသည့်အခါမျိုးဆိုရင်လည်း အော်ဟစ်သောင်းကျန်းတတ်သေး၏ဒါက ဆေးဖြတ်တဲ့သူတွေခံစားရတဲ့ဝေဒနါပါ
.
". ကိုခေတ်.....နိုးနေပြီးလား.."

Ultra-Love❤**အစွန်းရောက်အချစ် ** (Uni+zawgyi)Où les histoires vivent. Découvrez maintenant