Part-19 (Uni+Zawgyi)

Start from the beginning
                                    

". ဟင်..တာရာ..ကို့အခန်းထဲရောက်နေတယ်.."

" ဟုတ်တယ်..ဆရာဝန်ကပြောတယ်.ကိုခေတ်ကိုအပြင်လေရှူဖို့ခေါ်ထုတ်ပေးအုံးတဲ့. "

" ကိုအပြင်ထွက်လိ​ု့ရပြီးပေါ့..."

" ဟုတ်တယ် အကြာကြီးတော့မဟုတ်ဘူး.."

" လက်ကသံကြိုးတွေလည်းဖြုတ်ထားတယ်.."

ဝမ်းသာအားရနဲ့ တာရာကိုတင်းတင်းကြပ်ကြပ်လှမ်းဖက်လာရှာတယ်..နှုတ်ကနေလည်း.ထပ်တူကျတဲ့စကားတစ်ခွန်းကိုအကြိမ်ကြိမ်ဆိုနေတယ်

" မင်းငါ့ဆီကထွက်ပြေးသွားပြီးထင်နေတာ. "တဲ့

" ကျွန်တော့်ကိုတွေ့ရတာအဲ့လောက်တောင်ပျော်ရတာလား...."

" ပျော်တယ်..မင်းရှိတယ်ဆိုတဲ့အသိနဲ့..ကြံ​ြတြွ့နေရတဲ့အခက်အခဲကို ရင်ဆိုင်နိင်တာ...တာရာ..ကို့ဆီကထွက်မသွားပါနဲ့နော်.."

" မသွားပါဘူး..ခင်ဗျားက.ဒါပဲပြောနေတယ်ကျွန်အနေခက်လှပြီး.."

လည်တိုင်ကိုလှမ်းပွတ်ကာရှက်သွေးဖြာနေတဲ့တာရာ
ဘာလို့ရင်တွေခုန်နေရတာလဲ...

" လာပါ ကျွန်တော်တို့...ပန်းခြံထဲသွားထိုင်ရအောင်.."

တာရာ.ခေတ်သစ်ကိုတွဲကူရင်း ပန်းခြံရှေ့သို့ဆင်းလာကာ အရိပ်ပင်အောက်က.ခုံတန်းလေးဆီ  တူတူထိုင်လိုက်ကြသည်

စိမ်းဆိုနေသည့်မြက်ခင်းတွေရဲ့ဘေးပတ်ပတ်လည်တွင် ရောင်စုံမိုးကြိုးပန်းပင်များကိုစီစီရီရီ စိုက်ထားသည်မှာ ကြည့်ရှူလိုက်ရင် အကြည်ဓာတ်လေးရစေသည် ပန်းပွင့်တွေရဲ့ဝတ်မှုန်တွေကိုလည်း.စုပ်ယူစားသုံးရင်းပျံသန်းနေတဲ့လိပ်ပြာလေးတွေဟာလည်း လှပလျက်...

". ကိုခေတ်...၂လတောင်ရှိပြီး..အခန်းထဲမှာနေခဲ့ရတာ ခုလိုအပြင်ထွက်ရတော့.ဘယ်လိုခံစားရလဲ..."

" စိတ်ချမ်းမြေ့တယ်...ဒီလိုပတ်ဝန်းကျင်လှလှပပလေးမှာ.ယခုလို အေးအေးချမ်းချမ်းရှိနေရသည့်အပြင် မင်းလက်ကိုပါတွဲထားရတဲ့အတွက်..ယခုချိန်သေ သွားရင်တောင်သေပျော်ပါပြီး..."

" သေမယ်ဆိုတဲ့စကားမပြောပါနဲ့...ကျွန်တော်ခင်ဗျားကိုမသေ စေချင်တော့ဘူး..."

Ultra-Love❤**အစွန်းရောက်အချစ် ** (Uni+zawgyi)Where stories live. Discover now