ညကိုးနာရီထိုးအချိန်၌ ခြံ၀င်းအတွင်းဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည့် ကားသံကြောင့်ဈာန်လင်းထက်လှုပ်လှုပ်ရှားရှားဖြစ်ရသည်။
အားလျှံနှင့်ရင်ဆိုင်ရန်အလို့ငှာ သူ အနည်ငယ်တုန်လှုပ်မိနေမိသည်။
သိချင်နေသည့် မေးခွန်းများအားအစီစဉ်တကျ နံပါတ်စဉ်တပ်ရင်း တွေးကာ အားလျှံအပေါ်ထပ်သို့တက်လာသည် အထိ စောင့်နေလိုက်သည်။
အားလျှံ အခန်းထဲသို့ရောက်ရောက်ချင်းပင်
"အားလျှံ ..."
ဈာန်လင်းထက်သည် အားလျှံ အနား ကပ်သွားကာ မျက်လုံး နက်နက်တို့နှင့်စိုက်ကြည့်ရင်း အဆင်မပြေမှု အပြည့်နှင့်ခေါ်လိုက်သည်။
စိတ်ရောကိုယ်ပါ လေးလံထိုင်းမှိုင်းလွန်းသဖြင့် အသက်ရှူဖို့ရန်ပင် ခက်ခဲသည်။
"အမေ နေမကောင်းလို့ အိမ်ပြန်တာလေ။ဘာဖြစ်ချင်နေပြန်တာလဲ"
မျက်စိအောက်ကအပျောက်မခံနိုင်ကြောင်း အားလျှံသိသည်။ သို့ဖြစ်၍ ထိုသို့ စိတ်မရှည်နိုင်ဟန်နှင့် တုံ့ပြန်လိုက်ခြင်းသာ။
ဘုကလန့်ပြောလာသည့် အားလျှံအစကားကြောင့် ဒေါသမထွက်မိအောင် ဈာန်လင်းထက်ထိန်းရသည်။ ၎င်း အပြင် ဒေါသမထွက်ရက်တာလည်းပါသည်။
"ဒါဘာဆေးလဲ"
လက်ထဲကိုင်ထားသည့် ဆေးကဒ်ကို ပြကာ သူမေးလိုက်တော့ အားလျှံက ဈာန်လင်းထက်လက်ထဲမှ ဆေးကဒ်ကို အမြန်ပင်လှမ်းယူရန်ပြင်လိုက်သည်။
သို့သော်လည်း ဈာန်လင်းထက်က မပေး။ ဆက်ခနဲပင်မြှောက်ကိုင်လိုက်သည်။
"ပေး ကျွန်တော့်ဆေးကဒ်"
ဒေါသတကြီးနှင့် အော်ထုတ်လိုက်သည့် အားလျှံသည့် သူ့ဆေးကဒ်အား စပ်စုနေသည့်ဈာန်လင်းထက်ကို စိတ်ပျက်နေဟန်အပြည့်နှင့်။
"လိမ်နေတာ ကိုယ်မသိဘူးများထင်နေတာလား"
"ထင်ချင်သလိုထင် ..."
"အားလျှံ ကိုယ်မင်းကိုဒေါသမထွက်ချင်ဘူး"
"ပေး .. "
31 ( U+Z )
Start from the beginning