မောင်ချစ်သောရှောင်းအပိုင်း_၈

378 28 1
                                    

မင်းကြီးဝမ်ချန်းရိသည် ထိုင်နေရာမှထကာ ရှောင်းကျန့် ဘေးသွား၍ ထိုင်ပီး ဗျပ်စောင်းတီးနေသော ရှောင်းကျန့် ပခုံးကို ဖက်တော့ ရှောင်းကျန့် လှည့်ကြည့်မိသည်။

" အရှင်မင်းကြီး "

ရှောင်းကျန့်ပြောတော့ မင်းကြီးဝမ်ချန်းရိက ပြုံးပြ၍ မျက်ခုံးတစ်ဖက် ပင့်ကော ပြသည်။ ရှောင်းကျန့်က ခေါင်းငြိမ့်၍ ရှောင်းကျန့်ပခုံးကိုဖက်ပီး ပြုံးကာ စိုက်ကြည့်နေသော မင်းကြီးကို ပြောသည်။

" မသင့်တော်ပါဘူး အရှင် လွှတ်ပေးပါ "

" ကိုယ်တော်က မင်းကို ဘာမှမလုပ်ထားတာ မင်းကို ဒီတိုင်းဖက်ရုံပါပဲ "

" ဒါပေမယ့် မနေတက်လို့ပါ "

ရိပေါ်က ထိုင်နေရာက ထ၍ ရှောင်းကျန့် ပခုံးကိုဖက်ထားတဲ့ မင်းကြီးဝမ်ချန်းရိကို ပြောသည်။

" လွှတ်ပေးလိုက်ပါ အစ်ကိုတော် "

" ဘာ အဟက် ငါကိုယ်တော်က ဘာလုပ်နေလို့လဲ ငါပြောပီးပီလေ ငါသူကို ဖက်ရုံလေးပဲ တောက်ခ် "

မင်းကြီးက ထို့သို့ပြောကာ တောက်ခ်ပီး စိတ်တိုစွာ ထွက်သွားတော့ အကုန်လုံးကလည်းထွက်သွားလျှက်။ အကုန်လုံးထွက်သွားတော့ ရှောင်းကျန့် ဗျပ်စောင်းတီးရာကနေ ရပ်ပီး မတ်တပ်ရပ်ကာ ခေါင်းငြိမ့်၍ ရှောင်းကျန့်ကို လက်ပိုက်ကြည့်နေတဲ့ အိမ်ရှေမင်းသားဝမ်ရိပေါ်ကို ပြန်လှည့်မကြည့်ခဲ့ပေ။ ရှောင်းကျန့် အိမ်ရှေ့မင်းသားဝမ်ရိပေါ်ကို ပြန်လည်အကြည့်ချင်းဆုံစေတော့ အိမ်ရှေ့စံမင်းသားဝမ်ရိပေါ်က စကားတစ်ခွန်းပြော၍ ထွက်သွားသည်။

" ရှောင်းကျန့် ကျွန်တော် ဘာပြောရမှန်းမသိတော့ဘူး တောင်ပန်းပါတယ် "

မင်းသားဝမ်ရိပေါ် ထွက်သွားပီးမကြာ ရှောင်းကျန့် သက်ပြင်းချမိတော့ ဉီးရီးတော် ယီွလင်းက ဝင်လာ၍ ပြောသည်။

" ရှောင်းကျန့် ဘာဖြစ်တာလဲ အကုန်လုံးက ထွက်သွားကြတာ အလောတကြီး "

" ဘာမှမဟုတ်ပါဘူး ဉီးရီးတော် နောက်ဆို ကျွန်တော်ကို အခုလိုတွေ ဗျပ်စောင်းတွေဘာတွေတီးဖို့မခိုင်းပါနဲ့တော့ ကျွန်တော်တကယ်စိတ်ပျက်နေပီ "

မောင်ချစ်သောရှောင်း Where stories live. Discover now