မောင်ချစ်သောရှောင်းအပိုင်း_၁၃

1.2K 36 2
                                    

သဝန်တိုစိတ်တွေထိန်းမရတော့တဲ့အဆုံး အနားသွားပြီး ချောင်းဟန့်ကာ ပြောသည်။

"အဟမ်း ကြင်ယာတော်ရှောင်းရဲ့ဉီးရီးတော်ယီွလင်းက ခေါ်နေတယ်။"

"အင်း ဒါဆို သွားကြတော့လေ။"

"ဟုတ်ကဲ့ဗျ"
__________________

နန်းတော်ထဲရောက်တော့ အရှင်မင်းကြီးဝမ်ချန်းရိကို အကြောင်းစုံပြောပြလိုက်တော့ ခေါင်းတစ်ညိမ့်ညိမ့်ဖြင့် ထောက်ခံသည်သဘော။ကောင်းသည်သဘော။

"ဒါဆို ငါကိုယ်တော်က တံဆိပ်ပြားပေးထားမယ်။ဒီတံဆိပ်ပြားက မင်းတို့တွေဟာ ငါကိုယ်တော်အရှင်မင်းကြီး ကိုယ်တိုင်ခန့်အပ်ထားသော ဆေးသမားတွေဆိုတာ တရားဝင်ဖြစ်သွားပြီ။မင်းတို့တည်းခိုးခန်းမှာနားလို့ရပြီ။သွားကြတော့ ပင်ပန်းနေမှာပဲ။"

ချန်လိနဲ့လိချန်သည် အရိုသေပြုကာ နန်းတော်ထဲမှထွက်ခွာ၍ တည်ခိုးခန်းမှာနေလိုက်သည်။ ရိပေါ်ကလည်း အခန်းထဲကထွက်သွားပြီအကြာ ဝမ်ချန်းရိ အိပ်နေသည်။မျက်လုံးသာမှိတ်ထားတာ။စိတ်နဲ့လူကလည်းမကပ်သလိုအိပ်လည်းအိပ်မပျော်ပါပေ။ထို့သို့အိပ်မပျော်ရခြင်းမှာ တစ်စုံတစ်ယောက်ကိုလွမ်းဆွတ်နေသောကြောင့်ဖြစ်သည်။မျက်လုံးမှိတ်လိုက်တိုင်း ပေါ်လာတက်တဲ့ မျက်ဝန်းလှလှလေးတွေ ခန္ဓာကိုယ်ပိန်းပိန်းပါပါ ခါးကသေးသေးလေး ရိုးရှင်းစွာဝတ်ထားပြီး သူကို ပြုံးပြသည်။ဘယ်သူမို့ အဲ့လောက်တောင်ပြုစားရက်သဖွယ်လဲ။ အိပ်မပျော်တော့သည်အဆုံး တိုင်းပြည်သူပြည်သားတွေသာမန်ဝတ်ဆင်နေကျသလို ဝတ်ဆင်ကာ ဟန်ဆောင်ပြီး နန်းတော်ထဲကနေ ခိုးထွက်လာခဲ့တော့သည်။သူသွားမယ်နေရာက ဟန်ဆောင်ကြိိုင်မြိုင်ပင်ဖြစ်သည်။ ဟန်ဆောင်ကြာမြိုင်ဂိတ်ရှေ့ဝမှရပ်နေသော တပ်သားနှစ်ဉီးကိုလည်း လုံလောက်တဲ့အသပြားပေးကာ အထဲဝင်သည်။ သူ့ကို သာမန်အအရပ်သားဆိုပြီး ထင်ကြကာ သီးသန့်အခန်းမပေး။ ှသူ့အနားကိုလာတဲ့မိန်းမလှလေးတွေက ပခုံးနှိပ်ပေး၊ပေါင်ပေါ်လာထိုင်၊က​ပြဖျော်ဖြေသည်။ အရက်အနည်းငယ်ထည့်ပေးနေသောလည်း ထိုမိန်းမလှလေးတွေကိုလုံးဝစိတ်မပါလာတာမို့ တွန်းလိုက်သည်။ တွန်းခံရတဲ့မိန်းမလှလေးတွေကတော့ ဘာလုပ်မိလို့လဲ ဆိုတဲ့မျက်နှာလေးသဖွယ်လာကြည့်သောလည်းစိတ်မပါ။သူအာရုံကိုဖမ်းစာတာက မှည့်နက်နဲ့ကောင်လေးပင်ဖြစ်သည်။ပြန်ဖို့အလုပ် လမင်းကြီးကိုထိုင်ကြည့်နေသော ကောင်လေးကြောင့် သူဘေးနားသွားထိုင်တော့ကြည့်လာတဲ့မျက်နှာလေး။ဟုတ်တယ်။သူပဲ။ပြုစားသွားတာ သူလေးပင်။ စိတ်ကိုထိန်းပြီး သူ့ကိုပြုံးစာသွားလွန်းတဲ့ ကောင်လေးနဲ့အတူ လမင်းကြီးကိုကြည့်နေသည်။အခြေအနေကြီး တိတ်ဆိတ်နေသောကြောင့် သူ့ဘက်စပြီးပြန်လှည်စတင်ပြောလာသည်။

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Aug 11, 2021 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

မောင်ချစ်သောရှောင်း Tahanan ng mga kuwento. Tumuklas ngayon