မောင်ချစ်သောရှောင်းအပိုင်း_၄

602 46 1
                                    

နန်းဆောင်ရဲ့ညီလာခံတွင်ကျင်းပနေသော မှူးမတ်နဲ့အမတ်ကြီးများက မင်းကြီးကို တိုင်းပြည်နဲ့ပတ်သတ်၍ လျှောက်တင်နေသော်လည်း အရှင့်မင်းကြီးဝမ်ချန်းရိ အာရုံမရပေ။ မင်းကြီးဝမ်ချန်းရိ မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကိုအနောက်ပစ်၍ ပြောသည်။

" ကိုယ်တော် ပင်ပန်းနေပီမို့ ကိုယ်တော်ရဲ့
ချန်းနန်းဆောင်အခန်းထဲကိုယ်တော်အနားယူတော့မယ် "

မင်းကြီးက ပြောပီးချင်း ဝတ်ရုံတော်ကို ခါချ၍ နန်းဆောင်ညီလာခံထဲမှ ထွက်လာခဲ့သည်။ အိမ်ရှေ့စံမင်းသားဝမ်ရိပေါ် တစ်ယောက် နန်းဆောင်ညီလာခံကို ဝင်တော့ မင်းကြီးက မရှိသောကြောင့် ရိပေါ် အမတ်ကြီးဟန်ကိုမေးသည်။

" အမတ်ကြီးဟန် မင်းကြီးရော "

" အရှင့်မင်းကြီးက ဘာဖြစ်နေတာလဲ မသိဘူး မင်းကြီးက ထွက်သွားတာပဲ "

အမတ်ကြီးဟန်ရဲ့စကားကြောင့် ရိပေါ် သက််ပြင်းချကာ ထိုအမတ်ကြီးဟန်ကို ပြောလိုက်သည်။

" ဟူးအမတ်ကြီးဟန် အစ်ကိုတော်က အဲ့လိုမဟုတ်ပါဘူး အခုကျမှ အစ်ကိုတော်ဘာဖြစ်တာလဲမသိဘူး "

ရိပေါ် ​ပြောတော့ အမတ်ကြီးဟန်က ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့်။

_______________

အိမ်ရှေ့စံမင်းသားဝမ်ရိပေါ်တစ်ယောက် နန်းရဲ့စျေးတော်ထဲပတ်ကြည့်နေတုန်း ဝေါယာဉ္းကနေ ထွက်လာပီး အောက်ဆင်း၍ အနီရောင်ခင်းပါးပါးလေးဖြင့်ချထားသော ဆံထိုးတွေကို ကြည့်နေမိသည်။ ရိပေါ် မယ်တော်အတွက် ဆံထိုးဝယ်ပေးဖို့ ဆံထိုးအနီတွေ့သည်။ ထိုဆံထိုးအနီကို ရိပေါ်ယူခါနီးရိပေါ်နဲ့ထပ်တူပင် ထိုဆံထိုးကို ယူမိတော့ ရိပေါ် အကြည့်ချင်းဆုံးမိသည်။ ထိုလူက မျက်နှာကိုဇာပုဝါအဖြူနဲ့အုပ်ထား၍ မျက်ဝန်းလေးတွေက ကျန့်ကျန့်အတိုင်းပင် တကယ်ကိုလှလွန်းသည်။ အတော်တန်ကြာရိပေါ်စိုက်ကြည့်နေမိသည်။ ထိုလူက ရိပေါ်စိုက်ကြည့်နေသောကြောင့် ဆံထိုးကိုကိုင်နေရာကချ၍ ပြောသည်။

" ဒီဆံထိုးကို အရှင့်မင်သားသဘောကျလို့လား "

မျက်နှာကိုဇာပုဝါဖြင့်အုပ်ထားသော ထိုလူက ပြောတော့ ရိပေါ် ခေါင်းခါးရင်း ပြုံး၍ ပြောသည်။

မောင်ချစ်သောရှောင်း Where stories live. Discover now