မနက်ရောက်တော့ စိုက်ကြည့်နေသော ခံစားရမိတဲ့ ရှောင်းကျန့်က ရိပေါ်ရင်ခွင်ထဲကနေ မျက်လုံးဖွင့်ကြည့်တော့ ဖွားလီကြောင့် ချက်ချင်း ထလိုက်သည်။ ထို့နောက် ရှောင်းကျန့် ထိုအခန်းထဲမှ ထွက်လာ၍ ဖွားလီကို ပြောလိုက်သည်။
" ဘာများလဲ ဘာလုပ်ပေးရမလဲ ကျွန်တော်တို့ပြန်တော့မှာမို့ မပြန်ခင် ဘာတွေများလုပ်ပေးရအုံးမလဲ "
" အာ ရပါတယ် မလိုဘူး "
" ရတယ် ရှောင်းကျန့်ရဲ့ ဒါနဲ့ အိမ်ရှေ့စံဝမ်ကမနိုးသေးဘူးလား "
" အာ ဟုတ်ကဲ့ "
" မနေ့ညကများ ဘာတွေလုပ်နေကြလို့ "
အဖိုးချန်းက ပြုံးစိစိနဲ့ပြောတော့ ရှောင်းကျန့် သက်ပြင်းချကာ ခေါင်းငြိမ့်မိသည်။ အဖွားလီသည် အဖိုးချန်းရဲ့ ဗိုက်ကိုလိမ်ဆွဲတော့ ပြောလာသည်။
" အ့ မင်းဘာလို့လုပ်တာလဲ ငါနာတယ် "
" ကလေးတွေရှက်နေကြပီလေ ပြောလိုက်လို့လေ "
" ငါဘာပြောလိုက်လို့လဲ "
" ကိုယ်ပြောတာကိုမသိချင်ယောင်ဆောင်နေလိုက်တော့ "
အိမ်ရှေ့စံဝမ်ရိပေါ် အခန်းထဲကထွက်လာတာမြင်တော့ ဖွားလီ ပြောလိုက်သည်။
" ဘယ်လိုလဲ အိပ်ကောင်းရဲ့လား "
" အာ ဟုတ်ကဲ့ အိပ်ပျော်ပါတယ် ကျွန်တော်အခုပြန်ရတော့မယ်ထင်တယ် မယ်တော်နဲ့ ကျွန်တော်ရဲ့အစ်ကိုတော်က စိတ်ပူနေတယ်ထင်ပီ "
" အာ ဟုတ်ကဲ့ "
ရိပေါ်နဲ့ရှောင်းကျန့် အရိုသေပြုကာ ထိုအိမ်ထဲကနေ အမြန်လက်အတူတွဲပီးထွက်သွားတော့ ဒါကိုကြည့်၍ ပီတီဖြစ်နေသော အဖိုးချန်းနဲ့အဖွားလီကပြောသည်။
" တကယ်လိုက်ဖက်ချက် "
" ဟုတ်ပ့ "
_________________
တိုင်းပြည်ထဲရောက်တော့ ရှောင်းကျန့်ဘက်ကမှစ၍ အိမ်ရှေ့စံမင်းသားဝမ်တွဲထားသော လက်ကိုဖြုတ်သည်။ လက်ဖြုတ်လိုက်တော့ အိမ်ရှေ့စံမင်းသားဝမ်သည် နားမလည်စွာလာကြည့်တော့ ရှောင်းကျန့် ပြောလိုက်သည်။