မောင်ချစ်သောရှောင်းအပိုင်း _၂

1.2K 73 1
                                    

ရှောင်းကျန့် ဝမ်ဟန်တိုင်းပြည်ရဲ့စျေးထဲတွင် ပေါက်စီပူပူလေး စားနေသည်။ လက္မောင်းက ဒဏ်ရာကတော့ နာနေသည်။ စားနေတုန်း စစ်သူကြီးနဲ့အနောက်ကရဲမတ်တွေက စျေးရောင်သူတွေကနေ ပိုက်ဆံအတင်းတောင်းနေတော့ ရှောင်းကျန့်စားနေရာကမှ ထပီး ထိုခေါင်းဆောင်းစစ်သူကြီးအနားသွားကာ ​လက်ပိုက်ရင်း ပြောလိုက်သည်။

" ဒါနဲ့ ကျွန်တော်ပြောစရာရှိတစ်ခုရှိလို့ပါ ဘာလို့ ပြည်သူတွေဆီကနေ ပိုက်ဆံအပိုတောင်းနေရတာပါလဲ "

ရှောင်းကျန့်ပြောတော့ ချွင်လိလှည့်ကြည့်လိုက်သည်။ ချွင်လိလှည်ကြည့်တော့ အပန်းရောင်ဝတ်စုံရှည်နဲ့ ဆံပင်းကိုဖဲကြိုးလိုမျိုးချည်ထားကာ အသားဖွေးဖွေး သေးသေးသွယ်သွယ် ကိုယ်လေးနှင့် ခါးသေးသေးလေး ပန်းရောင်သန်းနေတဲ့ပါးလေးနှစ်ဖက်ရယ် ဘာမှမစိုထားဘဲ နဂိုပန်းနေတဲ့နှုတ်ခမ်းလေးရဲ့အောက်ကမှည့်နက်လေးနဲ့ တကယ်ကိုလှတာကြောင့် ထိုအလှလေးအနားသွားကာ လက်လေးကိုကိုင်ရင်းပြောသည်။

" အလှလေးက ဘာများပြောချင်လို့ပါလဲ "

ရှောင်းကျန့် သူလက်ကိုလာကိုင်တဲ့ ထိုလူ​ကိုဖယ်ချပီး လက်အနောက်ပစ်ကာ ပြောသည်။

" အလှလေးမဟုတ်ပါဘူး ယောကျာ်းလေးပါ ကျွန်တော်ပြောချင်တာက ဘာကြောင့် အပြစ်မဲ့တဲ့ ပြည်သူတွေဆီကနေ ပိုက်ဆံလိုက်တောင်းနေရတာလဲ တကယ်လို့သာ မတောင်းခဲ့ဘူးဆိုရင် ဆောင်ကြာမြိုင်ကိုသာလာခဲ့ပါ မိန်းကလေးတွေနဲ့တစ်ညတာ အလကား "

ပြောနေရင်း ရှောင်းကျန့်ကို ထိဖို့လုပ်တဲ့ ထိုလူလက်ကို အနောက်ကနေ လိမ်ဆွဲထားလိုက်သည်။

" အ့ လက် လက် အလှလေး ! "

" အသားမထိနဲ့ အသားထိတာလောက် မုန်းတာမရှိဘူး ! "

ဒေါသအသံနဲ့ပါပြောရင်း လက်ကိုပါ အားထည့်ပီး ညစ်ကာ ပြောနေတာမို့ ချွင်လိ ပြောလိုက်သည်။

" အင်း အင်းပါ ကိုယ် ကိုယ် မလုပ်ချင်ပါဘူး မင်း မင်းကြီးတာဝန်အရ "

" ကျစ် ဒါဆိုလဲ ပြောလိုက် ! ကျွန်တော်က ဆောင်ကြာမြိုင်ဂေဟောကပိုင်ရှင်ပါလို့ ဒီညလာဖို့ပြောလိုက် ! "

မောင်ချစ်သောရှောင်း Where stories live. Discover now