မောင်ချစ်သောရှောင်းအပိုင်း _၁

4.7K 105 3
                                    

" ဟားဟား ပြောလေ ရှောင်းရင်အာ နင်ပြောစမ်း သူက ငါကိုချစ်တယ်လို့ "

လင်းမေ တစ်ယောက် ရှောင်းရင်အာကို ကြိုးတုပ်ကာ မျက်နှာကိုတံတွေးထွေးပစ်သည်။

သူမ က တစ်ချက်ကလေးမှ မျက်ရည်မကျပဲပြောသည်။

" နင် လို ကောင် မ မျိုး ကို ဝမ် ဟန် လီ ချစ်မှာမဟုတ်ဘူး ဟားဟား "

" သူကိုသတ်ပစ်လိုက်စမ်း "

သူမပြောတော့ ကြိုးတုပ်ထားခံရတဲ့ မိန်းကလေးလည်းပင်းကို ဓါးနဲ့ဖြတ်ခတ်နဲ လှီးချလိုက်သည်။ မျက်နှာပေါ်မှာ သွေးတွေစင်သွားတဲ့ ကလေးငယ်ရဲ့အော်ဟစ်သံ ။

" မယ်တော် အ့ "

ရှောင်းကျန့်ဆိုတဲ့ ကလေးကို တုတ်အသေးလေးဖြင့်ခေါင်းခပ်ကြမ်းကြမ်းရိုက်ချကာ ဟန်မြစ်ထဲပစ်ချလိုက်သည်။

____________

" အား မားမား ကျွန်တော်မရရအောင် လက်စားချေပြမယ် အဟက် ဝမ်ဘုရင်တစ်မျိုးလုံးပျက်ပြားစေရမယ် "

ရှောင်းကျန့် နိုးကာ သူအမြန်ပင် ထလိုက်သည်။ ရှောင်းကျန့်ဗိုက်လေးကို လက်နဲ့ပွတ်နေသည်။

" ဗိုက်အရမ်းဆာတာပဲ ကျွန်တော်အခုအသက် ၆ နှစ်ခွဲပဲရှိသေးတယ် မားမားက ကျွန်တော်ကို အဟင့် "

ရှောင်းကျန့် ငိုရင်း ပြောနေတုန်း ဝေါယာဉ္ထဲကထွက်လာတဲ့ ကလေးငယ်။ ရှောင်းကျန့်နဲ့ရွယ်တူပေရှိလောက်သည်။ ထိုကလေးက ရှောင်းကျန့်ရှေ့ရပ်ကာ အစားကိုမြေကြီးပေါ်ပစ်ပီး ပြောသည်။

" မင်း စား စမ်း "

" မြေကြီးပေါ်ကပစ်ချပီးသားအရာတွေကို ငါဆိုတဲ့ ရှောင်းကျန့်က မ စား နိုင် ဘူး "

ထိုနည်းတူပင် ဝေါယာဉ္ထဲက ထပ်ထွက်လာတဲ့ ကလေးတစ်ယောက်ပုံကိုကြည့်မယ်ဆိုရင် ရှောင်းကျန့်ထပ်ငယ်လွန်းသည်။ ထိုကလေးက ရှောင်းကျန့် မေးစေးကို ဆွဲယူပီး ပြောသည်။

" ကိုကို ကျွန်တော်ကျွေးမယ် "

" ငါ ငါ ဗိုက်အရမ်းဆာတယ် "
____________

ထိုကလေးက ဆိုင်လေးတစ်ဆိုင်ရှေ့ရပ်ကာ ရှောင်းကျန့်ကိုကျွေးနေသည်။ ရှောင်းကျန့်က ဗိုက်ဆာအလွန်သဖြင့် လက်နဲ့အားရပါရစားနေသည်။

မောင်ချစ်သောရှောင်း Where stories live. Discover now