မောင်ချစ်သောရှောင်းအပိုင်း_၆

459 33 2
                                    

ဟွေ့မိန်ရဲ့ စိတ်ထဲမှာသာသိချင်စိတ်များစွာဖြင့်မေးလိုက်ချင်သောလည်း သူမကကောက်ကျစ်လွန်းသည့်ကြောင့် ဘာမှမဖြစ်သလိုဟန်ဆောင်ကာ ပြောသည်။

" သွားခွင့်ပြုပါအုံး ချင်းလီ "

ဟွေ့မိန်က ခေါင်းငြိမ့်ကာ ထွက်သွားတော့ ကျန်ခဲ့တဲ့ချင်းလီတစ်ယောက် ဒေါသတွေတစ်ဖွားတစ်ဖွားဖြစ်နေသည်။ ချင်းလီက ချင်းတိုင်ပြည်ရဲ့ဘုရင်သမီးတော်ဖြစ်သော်လည်း သူမကို မင်းကြီးက သဘောမကျေပေမယ့် နှစ်ဖက်တိုင်းပြည်ပြေလည်ရေးအတွက်သာ ယူထားခြင်းပင်ဖြစ်သည်။ သူမက မင်းကြီးကို သဘောကျချစ်မြတ်နိုးသော်လည်း မင်းကြီးက လုံးဝသဘောမကျခဲ့ပေ။ သို့သော် သူမဟာ မင်းကြီးအချစ်ကိုယူဖို့ဘာမဆိုနည်းဖြင့်လုပ်ရဲသည်။

" တောက်ခ် ငါကိုများကျော်သွားရဲတယ် မယ်တော်နဲ့တိုင်ရတာပေါ့ "

___________

" ရေနွေးကြမ်းလေးသောက်ပါအုံး မယ်တော်"

ရေနွေးကြမ်းယူပေးလာသော မင်းကြီးရဲ့တတိယမိဖုရားဖြစ်သူ ချိုရင်ရင်ကြောင့် မယ်တော်လင်းမေပြုံးလိုက်ပီး သူမလက်ထဲကနေ ယူသည်။ ချိုရင်ရင်ကလည်း ယမ်တိုင်ပြည်ကပင်ဖြစ်သည်။ ချိုရင်ရင်က ယမ်တိုင်းပြည်ရဲ့မင်းကြီးယမ်တစ်ဉီးတည်သော်သမီးချိုရင်ရင်ပင်ဖြစ်သည်။ သူမဟာ နူးညံ့ပီး လှပလွန်း၍ ကြင်ကြင်နာနာ ဆက်ဆံတက်သည်။ မယ်တော်လင်းမေ ချိုရင်ရင်ကို သဘောအကျဆုံးလို့ပဲ ပြောရမည်။ ချိုရင်ရင်က သနားဖို့ကောင်းလှသည်။ သားတော်ရဲ့အချစ်ကိုလုံးဝမရပေမယ့် သားတော်ကသူမဆီကိုတောင်ယောင်လို့တောင်မလာ။ ချိုရင်ရင်ရဲ့အဖြစ်ကလည်း မယ်တော်လင်းမေရဲ့အဖြစ်နဲ့ပင်တူလှသည်။ လင်းမေရဲ့မဆုံးခင်တုန်းက ချစ်ရတဲ့သူ မင်းကြီးဝမ်ဟန်လီသည်လည်း သူမကိုချစ်ခဲ့ပါသည်။ သို့သော် ဝမ်ဟန်လီက သူမရဲ့ဖောက်ပြန်တဲ့လုပ်ရက်ကို မသိခင်တုန်းကပင်။ သိသိချင်းပင် သူမကို မုန်းပေမယ့်လည်း စိတ်မကုန်သေး။ တစ်စုံတစ်ယောက်နဲ့မတွေ့ခင်အထိ။ တွေ့ပီမကြာ သူမကိုလုံးဝစိတ်ကုန်သွားသည်။ ဒါပေမယ့်လည်း လင်းမေက သိသွားတော့ ထိုမိန်းကလေးကို ရှာပီး သတ်ပစ်ခဲ့သည်။ ထိုမိန်းကလေးရဲ့သားပါသတ်လိုက်ရမှာအမှန်ပင်။ ရှောင်းရင်အာ နင်မရှိတာကောင်းတယ်။ဝမ်ဟန်လီရဲ့မိန်းကလေးအကြောင်းကြားပီးချင်း ဆုံးသွားတာအမှန်ပင်။ တော်သေးတာပေါ့ ရှောင်းရင်းအာရဲ့ကလေးက ဝမ်ဟန်လီရဲ့ကလေးမဟုတ်လို့ပေ။ ထိုကလေးက ရှောင်းရင်းအာအရင်ဆုံးသွားသော်ယောကျာ်းဖြစ်သူနဲ့ ရရှိတဲ့ ကလေးကြောင့် သူမ သိပ်ပျော်သည်။ ဝမ်ဟန်လီနဲ့ရတဲ့ကလေးသာဆိုရင်ထိုကလေးကိုပဲထီးနန်းဆက်ခံပေးမှာဖြစ်သည်။ မဟုတ်ရင်ရှုပ်ကုန်မှာပဲ။

မောင်ချစ်သောရှောင်း Where stories live. Discover now