အပိုင်း - ၈၂

Start from the beginning
                                    

ကျင့်ကြံသူအနည်းငယ်ရဲ့ သန့်စင်တဲ့ဝိဉာဉ်စွမ်းအားက ကမ္ဘာမြေကြီးကို မြေဩဇာဓာတ်ပေးစွမ်းတာကြောင့် မူလက ပန်းဖူးလေးတွေဖြစ်နေရာကနေ ဝိဉာဉ်စွမ်းအား လုံလုံလောက်လောက်ကို စုပ်ယူလိုက်နိုင်ပြီး မှော်စွမ်းအင်ရဲ့လှုံ့ဆော်မှုအောက်မှာ ဆက်တိုက်ဆိုသလို ပွင့်ဖူးလာတယ်။ ပန်းတွေက တစ်ခါတည်းနဲ့ ပွင့်အာသွားပြီး သူတို့မျက်စိနဲ့တဆုံးရှိနေတဲ့ အရာအားလုံးကို လွှမ်းခြုံသွားတယ်။

စက္ကန့်ပိုင်းအတွင်းမှာတင် အရာအားလုံးက တောက်ပတဲ့အရောင်လေးတွေအဖြစ်ပြောင်းလဲသွားကာ နှိုင်းယှဉ်လို့တောင်မရအောင် ခမ်းနားလှတယ်။

အားလုံးရဲ့အလယ်မှာ ပိုင်ရန် မှင်သက်နေခဲ့တယ်။

အပင်တွေက ဆက်တိုက်ပွားများနေပြီး အစိမ်းရောင်အရွက်တွေနဲ့ တောက်ပတဲ့ပန်းပွင့်တွေက အရိုးစုအနည်းငယ်ကျန်နေသေးတဲ့နေရာတွေကို ဖုံးကွယ်သွားပြီး သူတို့အောက်မှာ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံလိုက်တော့တယ်။ ဒီလူတွေက ဒီကမ္ဘာပေါ်မှာ အစတည်းက ဘယ်တုန်းကမှပေါ်မလာခဲ့ဖူးသလိုမျိုး အစအနတောင်မကျန် ပျောက်ကွယ်သွားရတယ်။

ရက်လည်း ရက်စက်သလို လှလည်း လှတယ်။

စွဲမက်ဖွယ်ကောင်းသလို သွေးဆာဟန်လည်း ရှိတယ်။

"မင်း ဘယ်လိုထင်လဲ သဘောကျလား?" အနက်ရောင်ဝတ်စုံနဲ့ နတ်ဆိုးဘုရင်ကြီးက ပိုင်ရန့်ကို ပြုံးပြလာတယ်။ သူ့ကိုကြည့်ရတာ ရှက်နေပုံပေါ်ပြီး ရှက်ဝဲဝဲပြောလာတယ် "ကိုယ်တော် အလုပ်ပေးနိုင်ဆုံးက ဒီလောက်ပဲ"

ထိုလူက ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ပန်းပင်လယ်မှာ ရပ်နေတာဖြစ်ပြီး ကြည့်ကောင်းကာ တင့်တယ်သလို သူ့ရဲ့ပြီးပြည့်စုံတဲ့အပြုံးလေးက ဖြူစင်လှတယ်။

ပိုင်ရန် နောက်တစ်ကြိမ် စိတ်လှုပ်ရှားရပြန်တယ်။

သူ နတ်ဆိုးဘုရင်ကြီးကို နားလည်တယ်လို့ ခံစားမိချိန်တိုင်းမှာ နတ်ဆိုးဘုရင်ကြီးက သူ့ကိုထပ်မံ အံ့အားသင့်စေမယ့် တစ်စုံတစ်ရာကို လုပ်ပြတတ်တယ်။

သူက သွေးအေးအေးနဲ့ လူသတ်ပြီး လောကကြီးအပေါ် ကပ်ဆိုးယူဆောင်လာလိမ့်မယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now