💜 Extra အပိုဆု 12 💜 🔞

Start from the beginning
                                    

* ဒီမှာ ဘာတွေဖြစ်သွားတာလဲ *

ပြီးနောက် Demon သည် ရေခဲသေတ္တာနောက်ကိုကြည့်လိုက်တဲ့အချိန်မှာ..။

" ကိုကို"

ဟုတ်ပါတယ် Demon ရဲ့ ချစ်ရသူပါ ၊ ညအိတ်ဝတ်စုံပန်းနုရောင်ဝမ်းဆက်လေးကိုပေါ့ပါးစွာဝတ်ထားပြီး သူ့ဆံပင်ရှည်လေးကိုကြပ်တောင်စီးလေးအဖြစ်စီးထားသည်။ နှိုင်းလေးရဲ့တောက်ပလှတဲ့ကြည်ပြာရောင်မျက်ဝန်းလေးတွေဟာ Demon ကိုမော့ကြည့်လာတဲ့အခါ အနိုင်ကျင့်ခံရလို့အော်ငိုထားတဲ့ကလေးငယ်တစ်ယောက်လိုမျက်ရည်စတွေသီလို့နေပြီး.. ဖြူဖွေးလွန်းတဲ့ အသားအရေ..အထူးသဖြင့် နှုတ်ခမ်းနား တစ်ဝိုက်ဟာနီရဲထွဋ်လို့နေတော့သည်။

နှိုင်းလေး ကို ထိုသို့မြင်လိုက်ရတဲ့ Demon ဟာ နဂိုပူထူနေတဲ့စိတ်ကိုလောင်စာဖြည့်လိုက်သလို ပိုလို့စိုးရိမ်သွားတော့သည်။ ထို့နောက် နှိုင်းလေးရှေ့မှာ ဒူးတစ်ဖက်ထောက်ထိုင်ကာ..

" ကို..ကိုကိုဘာလို့ငိုနေတာလဲဟင်? ပြီးတော့ ဒါတွေကဘာတွေလဲကွာ "

" မောင်.. အဲ့ အဲ့တာက... "

" နေဦး ..ကိုကိုလက်ထဲကဘာတွေလဲ "

" ဟို..."

အမေဆူမှာကြောက်လို့ ဆင်ခြေရှာနေတဲ့ ကိုကို့ပုံစံလေးကအရမ်းချစ်စရာကောင်းပေမယ့်အခုချိန်မှာတော့ Demon မတွေးအားသေး၊

" ထပ်ပြီးတော့လား? ကိုကို ဒီအစပ်သုပ်တွေကိုထပ်ပြီးစားပြန်ပြီလားဟင်..ဒါတွေက ကိုကိုနဲ့မတည့်ဘူးလေကွာ "

" ဒါပေမယ့် ကိုယ်စားချင်တယ်လေ..မောင်မှမကျွေး..တာကို "

" သရက်သီးသုပ်? ကိုကိုသေချာလား..မောင့်အမြင်မှာ ငရုတ်သီးတွေချည်းပဲမြင်နေရတယ်နော် "

" ....... "

ကိုယ်ဝန်ချဥ်ချင်းတတ်တာကြောင့် အချဥ်နဲ့အငန်အစပ်တွေကိုသာ စားချင်နေတဲ့ နှိုင်းလေး ဟာ Demon အိပ်နေတုန်း ထ ကာ သရက်သီးစိမ်းကိုပါးပါးစိတ်၍ ငံပြာရည်နဲ့ငရုတ်သီးမှုန့်တို့ဖြင့်နယ်ကာ အားရပါးရတစ်ယောက်တည်းခိုးစားနေခြင်းဖြစ်သည်။ ဒီတစ်ခါမိတာနဲ့ဆိုဘယ်နှကြိမ်လဲတောင် Demon မရေတွက်နိုင် ၊ နှိုင်းလေးက ကိုယ်ဝန်စရှိစဥ်ကတည်းက အခုလိုစားရတာကြိုက်နှစ်သက်တာကြောင့် Demon မှာ နှိုင်း တစ်ယောက်တည်းအလွတ်မပေးရဲပေ ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now