မီးဖိုခန်းထဲ ရောက်ပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိတဲ့ သီဟမှာ ပြာယာခက်နေလေသည်။ အကြောင်းမှာတော့
သက်ရှိုင်း‌ကို ရောက်လာပြီးတော့ ဘာမှမလုပ်ထားတာမြင်ရင် သံသယ၀င်မှာကို စိုးရိမ်လို့ဘဲလေ။ ဒါနဲ့ သီဟမှာ ဒယ်အိုးတစ်လုံးကို ယူပြီး ဘေစင်ကနေ ရေဖြည့်လိုက်လေသည်။ သီဟ တစ်ယောက် ဒယ်အိုး ရေဖြည့်နေတုန်းမှာ သက်ရှိုင်းကို ရောက်လာတော့၏။

သီဟမှာ သက်ရှိုင်းကိုအား ကြည့်ပြီး ပြုံးပြလိုက်လေသည်။ ပြုံးပြရင်း သက်ရှိုင်းကိုရဲ့ ဗလာကျင်းဖြစ်နေတဲ့ ခန္ဓာကိုယ်ကို ငေးနေမိလေတော့သည်။ ထောင်ထဲမှာ နေနေရတဲ့သူက ဘယ်လိုလုပ်ပြီး ခန္ဓာကိုယ်က ကျစ်လစ်နေရပါလိမ့်။ ကျစ်လစ်နေတာမှ တစ်ကယ့်ကို ငေးမောရသည်အထိလေ။ သီဟ ငေးနေသည်မှာ အတော်လေးကြာနေလေပြီ။

"ကောင်လေး ရေပြည့်‌နေပြီ" ဟု သက်ရှိုင်းကိုကား သီဟကို လှမ်းပြောလိုက်သည်။

သီဟမှာ မကြားပါ။ ဒါနဲ့ သက်ရှိုင်းကိုလည်း ထပ်ပြောလိုက်လေသည်။

"ကောင်လေး ရေပြည့်နေပြီ"

သက်ရှိုင်းကို နောက်တစ်ခါ ပြောလာတော့မှသာ သီဟ သတိပြန်၀င်လာတော့သည်။

"ဟင်...... အင်း....... ရေပြည့်နေပြီဘဲ" လို့ သီဟ ပြုံးပြုံးလေး ပြောပြီးတော့ ရေပိုက်ခေါင်းကို လက်ဖြင့် ပိတ်နေလေသည်။

ရေတွေ ထွက်‌နေတဲ့ ရေပိုက်ခေါင်းကို လက်ဖြင့် ကာပိတ်နေတော့ နေတွေက သီဟရဲ့ အ၀တ်အစားပေါ်သို့ ပန်းထွက်လာလေသည်။ ဒါကို သက်ရှိုင်းကို တစ်ယောက် မြင်လိုက်ရတော့ လက်တစ်ဖက်ကို နဖူးနားလေးမှာ ကိုင်လိုက်ပြီး ခေါင်းတွင်တွင်ခါလိုက်လေသည်။ ပြီးနောက်  သီဟနားကို သွားလိုက်လေတော့၏။

သက်ရှိုင်းကိုမှာ သီဟနား ရောက်တော့ သီဟကိုအား အုပ်မိုးပြီး ရေပိုက်ခေါင်းရဲ့ အလှည့်လေးကို ပိတ်လိုက်လေသည်။ သီဟမှာ ရုတ်တရက်ကြီးဆိုတော့ ကြောင်သွားလေသည်။

"အဲ့မှာ အဖွင့်၊အပိတ်ရှိနေတယ်လေ" ဆိုပြီး သက်ရှိုင်းကိုကား သီဟကို မျက်မှောင်ကြုတ်ရင်း ပြောလိုက်လေသည်။

SOULMATE[Complete]Where stories live. Discover now