အပိုင်း - ၈၁

Start from the beginning
                                    

လျှိုမြောင်ကို သွားတဲ့လမ်းလေးကို ကျောက်တုံးပြာတွေနဲ့ လုပ်ထားတာဖြစ်တယ်။ ယနေ့ မိုးအနည်းငယ်ရွာခဲ့တာကြောင့် လမ်းက အတော်လေး ချော်ချွတ်နေတယ်။ အဲ့အတွက်ကြောင့်ပဲ တောလမ်းလေးပေါ်မှာ လူအတော်လေးနည်းနေတာဖြစ်မယ်။

ပိုင်ရန်နဲ့ နတ်ဆိုးဘုရင်ကြီးက teleportကို မသုံးကြဘူး။ အဲ့အစား ပုံမှန်လူတွေလိုမျိုး ကျောက်တုံးပြာလမ်းကြောင်းတစ်လျှောက် တစ်လှမ်းချင်းစီသာ လျှောက်ခဲ့ကြတယ်။

ဘယ်လိုပဲ ရှည်လျားတဲ့ခရီးစဉ်ဖြစ်ပါစေ အဆုံးသတ်ဆိုတာ ရှိစမြဲဖြစ်တယ်။ ရှီချန်းအချိန်တစ်ဝက်လောက်မှာ သူတို့တွေ လျှိုမြောင်ကို ရောက်ရှိခဲ့တယ်။ [ T/N : ရှီချန်း - တစ်နာရီ ]

ထူးဆန်းတာက လျှိုမြောင်ထဲမှာ လူတစ်ယောက်မှမရှိဘူး။ တစ်ယောက်မှ မလာတဲ့အကြောင်းပြချက်က မိုးရွာတာကြောင့်ဖြစ်နိုင်တယ်။

နတ်ဆိုးဘုရင်ကြီးကတော့ ရွှင်ရွှင်ပြပြလေးဖြစ်နေတယ်။ ပိုင်ရန်ကတော့ သူ့စိတ်ထဲမှာ တစ်စုံတစ်ရာတွေးစရာရှိတာကြောင့် ပျော်သလိုသာ ဟန်ဆောင်နေနိုင်တယ်။

လျှိုမြောင်ထဲမှာ ကျယ်ပြောတဲ့ဆင်ခြေလျှောကြီးတစ်ခုကို တွေ့လိုက်ရတယ်။ ဆင်ခြေလျှောပေါ်မှာ အတော်လေးမြက်ထူတယ်။ ပန်းဖူးလေးတွေ အများကြီးရှိပေမယ့် ပန်းလေးတွေကိုတော့ ဟိုတစ်စဒီတစ်စသာ တွေ့ရတယ်။

ပိုင်ရန် တွေးလိုက်တယ် : 'ငါတို့ရောက်လာတာ တကယ်စောလွန်းသွားတာပဲ၊ နောက်မှ ထပ်လာမယ်ဆိုရင် တောင်တစ်ခုလုံး ပန်းတွေနဲ့ ဖုံးနေတော့မှာ... နေဝင်ချိန်ကို ကြည့်ရသလိုမျိုး ခမ်းနားနေမှာပဲ'

နတ်ဆိုးဘုရင်ကြီး နည်းနည်းတော့ စိတ်ပျက်သွားတယ် "လူသားစုံတွဲတွေက ဒီလိုနေရာမျိုးကို လာရတာ သဘောကျတာလား?"

ရှုခင်းက သာမန်ဆန်လွန်းအားကြီးတယ်။ သမိုင်းဝင်နေရာမဟုတ်သလို ပသာဒရှိတဲ့နေရာမျိုးတောင် မဟုတ်ဘူး။ ဒါက သေချာပေါက် လောကမှာ နာမည်ကျော်တဲ့လှလှပပရှုခင်းမဟုတ်ဘူးပဲ။ နတ်ဆိုးဘုရင်ကြီး စိတ်ပျက်သွားတာက နားလည်ပေးလို့ရတယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now