ကျွန်းပေါ်တွင် ( နောက်ကြောင်းပြန် (2) )

Start from the beginning
                                    

************************************

   [ မင်းတို့တေ အကုန် သေချာတန်းစီ... bossကစည်းကမ်း ကြီးတယ်ကွ...
ဒီနေကစပြီး ရုံးအသီးသီးမှာ တာဝန်ထမ်းကြမဲ့ လူတေဆိုတော့...အခုကထဲက စည်းနဲ့ကမ်းနဲ့နေ...ကြားလား....]

မင်းသစ် အခန်းဝထဲက အထဲတွင် အာလူးရောင်းနေသော ယောကျာ်းကြီးအသံကို ကြားလိုက်ရ၍ ရင်တောင်တုန်သွားသည်... ချိန်းထားတဲ့အချိန်ထက် နောက်ကျနေပြီမို့လား...။

   တံခါးလေး..ဖြည်းဖြည်းစီတွန်းဖွင့်တော့ အကြည့်တေ အကုန်လုံးက မင်းသစ်ထံ ကျရောက်လာသည်...။

   [အင်း...ဒီနေ့က ပြဿဒါးပဲ... ၊

— သူ့ရေခဲချောင်း လူတကာကြွေးနေတဲ့ ရေခဲချောင်းသည် ကတမျိုး ၊

— အသက်သာ 25နီးပါးရှိပြီ အခုထိ ရေခဲချောင်းစား မဝတဲ့ ကလေးမသာက တဖုံ ၊

— ဟော...အခုကြပြန်တော့ ဈေးရောင်းမကောင်းလို့ companyထိ အာလူး marketing လာဆင်းတဲ့ အာလူးသည်နဲ့ တွေ့ပြန်ပြီ.... ]

မင်းသစ် - ဟဲဟဲ...ကားလေး ပိတ်နေလို့.. ကျွန်တော်နဲနဲ နောက်ကျသွားတယ်...

    ထိုစကားကို ကြားသည်နဲ့ ဈေးရောင်းမကောင်းလို့ တင်းနေတဲ့ အာလူးသည်ရဲ့ ခြေလှမ်းက မင်းသစ်ထံသို့ ဦးတည်ကာ...
သူ့အာလူးတေနဲ့ ပစ်ဖို့ဆဲဆဲမှာတင်...

  [ဂျာကြီး...ဂျာကြီး...boss..bossလာနေပြီ...]

   စကပ်အကွဲလေးနဲ့ ဖိုင်လေးကိုင်ထားတဲ့  အလှလေးရဲ့ စကားသံကြားလိုက် ရသည်နှင့် အကုန်လုံး ရုတ်ရုတ်သဲသဲ တေဖြစ်ကာ
မင်းသစ်လဲ ဘေးတွင် ရပ်နေသော အတန်းထဲ
ဝင်ရပ်လိုက်သည်..၊  အရှည်ကြီး 2ယောက်ကြား မင်းသစ်က အပုလေး...။

[ဝုန်းး]

ထိုတံခါးဖွင့်သံ ကြားလိုက်ရသည်နှင့် မင်းသစ်လေးစားမိသည်...၊
တနှာရူးကိုတော့ မဟုတ်ပါ..
တခါး ပတ်တာတေကို ဖြစ်သည်..
တော်တော်ခိုင်ပါလား...၊
အမြဲတမ်း ဒီတနှာရူးက ဝင်ရင်
တခါးကို စောင့်ဖွင့်သည်
အင်း..စောင့်နေကြမို့ ထင်တယ်...။

တနှာရူးက ခပ်တည်တည်နဲ့ ဝင်လာသည်...
အခုကြတော့ သူမဟုတ်သလို...

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now