ကျွန်းပေါ်တွင် ( နောက်ကြောင်းပြန် (2) )

6.6K 424 19
                                    


သဲငယ် - ဟင်...ကို တကယ်ကြီး အလုပ်ရသွားတယ်....

မင်းသစ် - ဟုတ်တယ် သဲငယ်...ကို့မှာလေ တကယ်မယုံ နိုင်ဘူး...

မင်းသစ်မှာ အပျော်လွန်ပြီး ထိုင်မရ ထမရ..

သဲငယ် - ဟုတ်တယ်နော်...ပြောသာပြောရတယ်
ဒီလို ဘာပညာအရည်အချင်းလဲ မရှိ ၊ နိုင်ငံခြား ဘာသာစကားလဲ မတက် ၊ အရပ်အမောင်းကလဲ မိန်းမ အရပ်အမောင်းနဲ့သူကို သူတို့ အလုပ်ခန့်လိုက်တယ်ဆိုတာ လုံးဝ မယုံနိုင်ဘူး...

[အေးအေး...ငါ့ကို ချီးမွန်းစရာ
ဘာကျန်သေးလဲ မသာမရေ... ဒါတေ သိရဲ့သားနဲ့ သွားလျောက်ခိုင်းတဲ့ နင်ကိုက ရွှေဥာဏ်တော် စူးရောက်နေတာ...]

သဲငယ် - ငယ့်ကိုကိုက ဘယ်လိုတေ ပညာစွမ်း ပြခဲ့လည်းဆိုတာ...ငယ့်ကိုလဲ ကြွားပါအုံးလို့....

[သူလား...ဖင်ကိုင်ရင်း ကြိုက်သွားတာလေ...
လို့ပြောလို့ကတော့ ငါ့ရဲ့ မရှိတဲ့ သိက္ခာတေ ရေဆုံမျောရခြည်ရဲ့ မဖြစ်သေးပါဘူး....]

မင်းသစ် - ငယ့်ရဲ့ကိုကိုပဲဟာ... fighter အထွားကြီးနဲ့ ပြိုင်fightခဲ့တာလေ...ဟိုက အလူးလဲ ခံရတာပေါ့...

သဲငယ် - ဟယ်...ဟုတ်လား...ကိုက အဲ့လိုဆိုတာ ငယ်တောင် မသိခဲ့ဘူး...

မင်းသစ် - ကိုကကျာင်းမှာတုန်းက ဇိုးကြီးပါနော်...ကို့အနား ဘယ်သူမှ မကပ်ရဲဘူး...

['ဇိုးတော့ဇိုးပါပဲ...ရည်းစား မရလို့ သေခြင်စော်နံနေတဲ့ သေခြင်းဇိုးပါ...၊ ဘယ်ကပ်ရဲမလဲ...ငါက ကျောင်းမှာဆို ကင်းလေ...
ငါ့ဆို ကင်းကင်းရှင်းရှင်းပဲ နေကြတာ...']

သဲငယ် - မိုက်တယ်...ငယ်တောင် အားကျတယ်..
ဒါနဲ့ ဘယ်ရက်က စပြီး အလုပ်ဆင်းရမှာလဲ ..
အခုဟာက လဝက်ကြီး ဆိုတော့....

မင်းသစ် - အင်း...နောက် 3ရက်နေရင် လာဖို့တော့ companyခွဲ လိပ်စာတော့ ပေးထားတယ်...အဲ့မှာမှ အသေးစိတ် ပြောပြမယ်ထင်တယ်...

သဲငယ် - ဒီလိုသာဆိုရင်တော့... ငယ်တို့ 1နှစ်အတွင်း လက်ထပ်ဖြစ်မယ် ထင်တယ်...hee

["အေး...နင်ကတော့ ကိုယ့်ဘဲ ဖင်ပေးခဲ့ရင်တောင် ပိုက်ဆံရရင် ပျော်နေမဲ့ မသာမ .....
3နှစ်လောက် အသေလိုက်ခဲ့ပြီး နောက်ဆုံး ရည်းစားလေး တယောက်ရမှ ဟိုနှာဘူးကြောင့် ငါလိုင်းချိန်းသွားလို့ မဖြစ်..."]

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now