အခန်း-၆၉

3.1K 171 7
                                    

[Zawgyi]

ဆေးရုံကပြန်လာစဉ် မှောင်မည်းနေသည့် အိမ်ရှေ့ကအဖြတ် လျစ်လျူရှုဖို့ ဆုံးဖြတ်ထားသည့် ဇာနည့်စိတ်တွေက တွေဝေသွားရသည်။ ဟိုလူ အိမ်ထဲမှာ မရှိတာများလား။ ဘာမကောင်းတာတွေထပ်ပြီး ကြံစည်နေပြန်ပြီလဲ။

တောက်!!

စိတ်ကုန်နေရင်းနဲ့တောင် စိတ်ပူအောင်လုပ်နိုင်ဆဲဖြစ်သည့် ပုံရိပ်အား ဒေါသထွက်လွန်း၍ ဇာနည် တောက်ခေါက်မိ၏။

ခြံတံခါးရော၊ အိမ်တံခါးတွေပါ စေ့ရုံစေ့ထားတာမို့
အလွယ်တကူ အိမ်ထဲဝင်သွားလိုက်သည်။ သူမဟုတ်ဘဲ
မရိုးဖြောင့်တဲ့ အကြံအစည်နဲ့လူတွေဝင်လာတာဆိုရင်
ဘယ်လိုလုပ်မလဲ။ အဲ့ဒီလူကတော့ ဒါတွေကိုမစဉ်းစားနိုင်တဲ့အထိ ရူးနေပြီထင်သည်။

မီးခလုတ်တွေကို ဖျက်ခနဲဖွင့်လိုက်တော့ မြင်လိုက်ရတာက
ထိုင်ခုံပေါ်ကျုံ့ကျုံ့လေးထိုင်နေသည့် ပုံရိပ်သွင်။

"အမှောင်ထဲမှာထိုင်ပြီး ဘာလုပ်နေတာလဲ"

လန့်သွားတဲ့ ပုံရိပ်၏ကိုယ်က ဆက်ခနဲ။

ပုံရိပ်ကပြန်မဖြေဘဲ ကြောင်ငေးငေး ပြန်ကြည့်နေပြန်သည်။မသိရင် ထိုပုံစံက ဘာမှမသိနားမလည်သည့် အပြစ်ကင်းစင်သည့် ကလေးတစ်ဦးအတိုင်း။

ဇာနည့်စိတ်ထဲ ဒေါသက အရှိန်မပြေသေးသည့်အပြင် ယုံလည်းမယုံတာမို့ ပုံရိပ်၏ ပုခုံးနှစ်ဖက်အား အားပြင်းပြင်းဖြင့် ဆွဲကိုင်လှုပ်ရမ်းလိုက်ရင်း...

"မှန်မှန်ပြော! ဘာတွေထပ်ပြီး ကြံနေပြန်ပြီလဲ။ ဒီတစ်ခေါက်ကရော ဘယ်သူ့အလှည့်လဲ။ သူ့ဘာသာနေတဲ့ ဦးပိုင်ကို ဒုက္ခပေးရမှ ခင်ဗျားကျေနပ်မှာလား။ ဆရာ့ကို စိတ်ဒုက္ခတွေပေးပြီး ဘေးကလူတွေအားလုံး မပျော်နိုင်မှ ခင်ဗျား စိတ်ချမ်းသာမှာလား။ အဲ့လိုလား ဟမ်! ပြောလေ"

"တောင်းပန်ပါတယ်~ ကျွန်တော် နောက်ဆိုရင်
လိမ်လိမ်မာမာ နေပါ့မယ်"

ကတိတွေပေးနေပြန်တာက ဆေးရုံမှာတုန်းက ပြောခဲ့တဲ့အတိုင်း တထပ်တည်း။

ခပ်တိုးတိုးပြောပြီးတော့ ပြုံးပြနေသေးသည်။ အဆင်ပြေနေသလိုမျိုး ဘာကြောင့်ပြုမူနေရသလဲ
နားမလည်နိုင်တော့။

အဝါရောင်အိပ်မက် (completed)Where stories live. Discover now