Hello💕
အဝါရောင်အိပ်မက်လေးကို စာလုံးပေါင်းအမှားလေးတွေ ပြင်ချင်လို့ unpublishedလိုက်ပါတယ်။
ဖတ်တဲ့သူတွေ သတိထားမိကြလားတော့မသိပေမယ့်
"အစ်ကို"ဆိုတာကို အလွယ်နည်းနဲ့ အကိုလို့ရေးခဲ့တာတွေ၊ "မျက်မှောင်ကြုတ်"တာကို ကျုံ့လို့တလွဲရေးခဲ့မိတာတွေ၊ "တစ်ခါတလေ"ကို တစ်ခါတစ်လေ၊တခါတလေလို့ မသေမချာပဲ ရေးထားခဲ့မိတာတွေ.. အဲ့ဒါတွေကို ပြန်ပြင်ချင်လို့ပါ။ (ဖတ်နေရင်းတန်းလန်းဖြစ်မှာစိုးလို့ ငါးရက်လောက် ကြိုပြောထားပါသေးတယ်နော်^^)စစ်ရဦးမှာမလို့ရယ်၊ libraryထဲထည့်ထားတဲ့သူတွေ မျက်စိနောက်မှာစိုးလို့ရယ်ဆိုတော့ တစ်နေ့ကိုတစ်ပိုင်း
(သို့) နှစ်ပိုင်းပဲပြန်တင်ပေးပါ့မယ်။ ဖတ်ရတာထောက်နေတဲ့ နေရာလေးတွေလည်း ပြင်ပေးပါ့မယ်။ အရင်accမှာတုန်းကလိုပဲ သီချင်းလေးတွေရော ထည့်ပေးသွားမှာပါ^^ ဖတ်ပြီးသားသူတွေထဲက ပြန်ဖတ်ချင်တဲ့သူတွေရော၊ မဖတ်ရသေးတဲ့သူတွေရော... ongoingပြန်လိုက်ပေးတဲ့သူရှိရင်တော့ အကြီးကြီးပျော်မိမှာပါ💕နောက်ပြီး ပြန်ပြင်တာကလေ စာအုပ်ထုတ်ဖို့ဘာညာအတွက် လုံးဝမဟုတ်ပါဘူးနော်။ စာအုပ်ထုတ်မှာလား၊ သိမ်းချင်တယ် စသဖြင့် လာမေးကြတဲ့သူတွေရှိလို့ ကြုံတုန်းလေး ပြောပြထားတာပါ။ ကျွန်တော် ပထမဆုံးရေးဖြစ်ခဲ့တဲ့ "အဝါရောင်အိပ်မက်"လေးကို ကျွန်တော်ကိုယ်တိုင်လည်း အရမ်းမြတ်နိုးပါတယ်။ ဒါပေမယ့် စာအုပ်ထုတ်ပြီး ရောင်းဖို့အထိတော့ အဆင်မပြေဘူးလို့ထင်ပါတယ်။ ဘာဗဟုသုတ၊ ဘာအရည်အချင်းမှမရှိတဲ့ အသက်၁၉၊၂၀အရွယ် လူငယ်လေးတစ်ယောက် wattpadမှာ အပျင်းပြေ၊အပျော်တမ်းရေးခဲ့တဲ့ ကလေးကလားဇာတ်လမ်းလေးမလို့ ဝယ်သိမ်းမယ့်သူတွေအတွက်လည်း စာအုပ်မြင်ခါစမှာရတဲ့ အပျော်လေးအပြင် တခြားဘာအကျိုးမှ မရှိနိုင်ဘူးလို့ တွေးမိလို့ပါ။
wattpadမှာ အမြဲတင်ပေးထားမှာပါ။
ဖတ်ချင်တဲ့သူတစ်ယောက်ရှိသရွေ့၊ ကြိုက်နှစ်သက်တဲ့သူ
တစ်ယောက်ရှိသရွေ့ အရင်wp accဟောင်းလိုမျိုး ဒီaccထပ်ပျက်ခဲ့ရင်လည်း နောက်accသစ်ဖွင့်ပြီး ပြန်တင်ပေးသွားပါ့မယ်💕
YOU ARE READING
အဝါရောင်အိပ်မက် (completed)
Romance(zawgyi & unicode) အိပ်မက်တွေမှာ အရောင်တွေရှိတတ်လား? ခင်ဗျားတို့မြင်မက်နေကျ အိပ်မက်တွေဟာ အရောင်အဆင်းမရှိတာလည်း ဖြစ်နိုင်သလို ဖြူပြာနီဝါရောင်စုံတဲ့ အိပ်မက်တွေလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ထူးဆန်းတယ်။ ကျွန်တော်ရဲ့အိပ်မက်တွေကိုတော့ အဝါရောင်ကောင်လေးတစ...