[Zawgyi]
WARNING- Bed Scene
တစ်နေကုန်ခရီးပန်းလာတာမို့ အိမ်ပြန်ရောက်တာနှင့် ခြေလက်သန့်စင်ကာ အိပ်နေကျအခန်းလေးထဲတွင် သွန်းအုပ် ဝင်လှဲနေလိုက်သည်။ မင်းခက ပုံရိပ်၏အိမ်၌ ခဏနေကျန်ခဲ့သည်မို့ လောလောဆယ် အိမ်မှာ သူတစ်ယောက်တည်း။
အရင်ရက်တွေက သူအိပ်နေပြီဆိုလျှင် မင်းခက
တိတ်တိတ်လေး သူ့အခန်းထဲကို ခိုးဝင်လာမည်။
ပြီးလျှင် အိပ်ချင်ယောင်ဆောင်နေသည့်သူ့ကို ငြိမ်ငြိမ်ကလေး ထိုင်ကြည့်နေမည်။ ကြည့်နေရင်း အားမရပါက ခိုးကြောင်ခိုးဝှက်နှင့် နမ်းတတ်သေးသည်။ကြည်နူးစိတ်ကြောင့် တစ်ယောက်တည်း ပြုံးမိနေတာကို သတိထားမိတော့ ကိုယ့်ကိုယ်ကို ပြန်ရှက်သွားရသည်။
စောင်ကိုခေါင်းမြီးခြုံပြီး မျက်လုံးများကို မှိတ်ထားလိုက်၏။
သို့သော်လည်း မင်းခကို မြင်နေရဆဲပင်။ချောက်!
ခပ်စေ့စေ့ပိတ်ထားသည့် အိမ်တံခါးကိုဖွင့်၍
လူဝင်လာသံကို ကြားလိုက်သည်။ မင်းခပြန်လာပြီထင်သည်။ အခန်းထဲကထွက်၍ ကြိုလိုက်ချင်သော်လည်း ရှက်စိတ်ကြောင့် နှစ်ယောက်တည်းရှိချိန် မျက်နှာမပြရဲသေးပေ။မင်းခက သူရှိရာ အခန်းထဲသို့ ဝင်မလာသေး။ ကြည့်ရတာ သူ့ကို လိုက်ရှာနေဟန်တူသည်။ သို့မဟုတ် မင်းခလည်း သူ့လိုပဲ ရှက်နေတာများလား။
ခဏကြာတော့မှ သူရှိရာအခန်းထဲသို့ ဝင်လာသည်။ သွန်းအုပ် အိပ်ပျော်နေဟန်သာ ဆက်ဆောင်ထားလိုက်သည်။ မင်းခ ဘာလုပ်နေမလဲဆိုတာကို သိချင်သည်။ ညတိုင်းလည်း အိပ်ချင်ယောင်ဆောင်နေကျမို့ ကျွမ်းကျင်နေပြီ။ အခုလည်း မင်းခက သူ့ကို တကယ်အိပ်ပျော်နေပြီဟုသာ ထင်သွားပုံရ၏။
"•••"
သူအိပ်နေသည့်ဘေးတွင် မင်းခက ဝင်လှဲလိုက်သည်။ ထို့နောက် ကျောခိုင်း၍ အိပ်ဟန်ဆောင်နေသည့်သူ့ကို နောက်ကျောမှ သိုင်းဖက်လာသည်။ သူ့လည်ပင်းနားဆီ မျက်နှာအပ်ထားတာမို့ မင်းခ၏ အသက်ရှုငွေ့နွေးနွေးလေးက သူ့နားရွက်ဖျားများကို လာရောက်ထိခတ်နေပြီး တမင်တကာ ကလူကျီစယ်နေသည်ဟုပင် ခံစားလာရသည်။
![](https://img.wattpad.com/cover/276609308-288-k542666.jpg)
STAI LEGGENDO
အဝါရောင်အိပ်မက် (completed)
Storie d'amore(zawgyi & unicode) အိပ်မက်တွေမှာ အရောင်တွေရှိတတ်လား? ခင်ဗျားတို့မြင်မက်နေကျ အိပ်မက်တွေဟာ အရောင်အဆင်းမရှိတာလည်း ဖြစ်နိုင်သလို ဖြူပြာနီဝါရောင်စုံတဲ့ အိပ်မက်တွေလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ထူးဆန်းတယ်။ ကျွန်တော်ရဲ့အိပ်မက်တွေကိုတော့ အဝါရောင်ကောင်လေးတစ...