အခန်း-၅၀

1.9K 140 8
                                    

[Zawgyi]

ဘာပြန်ပြောရမှန်းမသိ ဖြစ်နေပုံရသည့် ပုံရိပ်၏ ပုံစံလေးကြောင့် ဇာနည် အသည်းယားလာရသည်။
ပန်းရောင်ဖျော့ဖျော့ အလှ​မွေးငါးလေးတစ်ကောင်ပါသည့် မှန်ရေကန်​ကို လှမ်းကြည့်နေသော ပုံရိပ်၏ အကြည့်တို့တွင် အံ့သြရွှင်မြူးမှုများက အပြည့်အသိပ်။

မင်းခက ဇာနည့်ကိုလှမ်းကြည့်ပြီး
'ငါ.. မပြောဘူးလား'ဟူသည့် သဘောဖြင့် မေးငေါ့ပြသည်။ ဇာနည်က ကျေနပ်ပီတိဖြာဝေစွာဖြင့် ပြုံးစိစိ။

"ကိုခ.. ဒါ တကယ် ကျွန်တော့်ဖို့လား"

"အင်းလေ။ အရိပ်လည်း တစ်ယောက်တည်း နေနေတာထက်စာရင် သူ့ကိုစောင့်ရှောက်ရင်းဆိုတော့ အဖော်လည်းရ၊ စိတ်လည်းငြိမ်တာပေါ့"

ခပ်လှမ်းလှမ်းကနေ မျက်လုံးမခွါတမ်းကြည့်ပြီး
ပျော်နေသည့် ပုံရိပ်က ထိုငါးလေးကို အနီးကပ် သွားမကြည့်သေး။ ဇာနည် အားမလိုအားမရ ဖြစ်လာတာမို့...

"အနားသွားပြီး အနီးကပ်ကြည့်ပါလား အကိုရ..
အဲ့ဒါ Betta fish​လေးလေ။ နောက်ပြီး
ဒီအရောင်လေးက ရှားတယ်။ ဒီကောင်လေးက ဝယ်လာကစထက်တောင် ပိုပြီးလှနေပြီ"

"...."

"ဟုတ်တယ် အရိပ်။ ဇာနည် သူ့ကို အိမ်မှာ သေချာပြုစုပေးပြီးတော့မှ အရိပ်ဆီ ယူလာတာ"

"ကိုခ ဝယ်ပေးတာဆို"

မင်းခ စကားမှားသွားသဖြင့် ပုံရိပ်က မျက်လုံးဝိုင်းများဖြင့် မော့ကြည့်ရင်း ချက်ချင်းမေးခွန်းထုတ်လာသည်။
ဇာနည်နှင့်မင်းခတို့ တစ်ယောက်မျက်နှာတစ်ယောက် မသိမသာ ကြည့်လိုက်မိသည်။ ပြီးမှ..

"ဟို ဟိုလေ... ဒီလို အကိုရာ။ ဆရာက
အကို့ကိုပေးချင်လို့သာ ဝယ်လာတာ။ ငါးမမွေးဖူးတော့ ဘယ်လိုပြုစုထားရမှန်းမသိတာနဲ့ပဲ ကျွန်တော့်ဆီ ခဏအပ်ထားခဲ့တာ။ ကျွန်တော်က ငယ်ငယ်ကတည်းက ငါးမွေးဖူးတော့ ဘယ်လိုမွေးရလဲ သိတယ်လေ"

"သြော်.."

"လှလား အရိပ်"

"ဟုတ်.. လှတယ် ကိုခ။ အရမ်းလှတယ်"

ဇာနည် ကြည်နူးစွာ ပြုံးမိသည်။

အမြီးရှည်ကားကားလေးများကို ဝှေ့ ယမ်းကာ
မှန်ရေကန်ထဲ၌ လူးလားကူးခတ်နေသည့် ငါးလေးအား စိတ်ဝင်တစားဖြင့် ကြည့်နေသည့် မျက်ဆံနက်နက်လေးတစ်စုံက တလက်လက်။

အဝါရောင်အိပ်မက် (completed)Where stories live. Discover now