အခန်း-၃၂

1.5K 120 14
                                    

[Zawgyi]

ဖြန်းး

မဟာစိုးက မြသား၏ ပါးတစ်ဖက်အား အရှိန်ပြင်းပြင်းဖြင့်
လွှဲရိုက်ပစ်လိုက်သည်။

အရိုက်ခံလိုက်ရသည့် မျက်နှာတစ်ခြမ်းတွင် နာကျင်စပ်ဖျဉ်းမှုအား မြသားခံစားလိုက်ရ၏။ အသားနာလျှင် ဖြစ်ပေါ်လာတတ်လေ့ရှိသည့် ဒေါသအလျောက် အံတင်းတင်းကြိတ်လိုက်မိသောငြား စက္ကန့်မျှသာ။ ကိုယ်ကမှားနေတဲ့သူမို့ ချက်ချင်းတုံ့ပြန်နိုင်ရန်မဝံ့ရဲ။

မဟာစိုးက ခံပြင်းလွန်းသည့်စိတ်နှင့်
ဒေါသစိတ်များပေါင်းလျက် အသားများပင် တဆက်ဆက်တုန်နေသည်။

"ငါ့အိမ်ကနေ အခုဆင်းသွား!!! ငါ့မျက်စိရှေ့မှာ ဘယ်တော့မှ ထပ်ပေါ်မလာနဲ့"

"ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီလေ။ ဒီတိုင်း ထွက်သွားလို့မှ မရတာ။ နောက်ပြီး မှားခဲ့တာ ကျွန်မတစ်ယောက်တည်း မဟုတ်ဘူး။ နှစ်ဦးနှစ်ဖက်စလုံး မှားခဲ့ကြတာချင်းအတူတူ ကျွန်မကကျ ကလေးတစ်ကောင်ကို ပင်ပင်ပန်းပန်းနဲ့
တစ်ယောက်တည်း ရှာဖွေကျွေးမွေးရဦးမှာလား"

"အဲ့တော့ နင်ကဘာဖြစ်ချင်တာလဲ"

"ကျွန်မကို လျော်ကြေးပေးပါ။ ကျွန်မထွက်သွားပေးမယ်။

သတ္တိအကြွင်းအကျန်များကိုသုံး၍ မြသား မျက်နှာပြောင်ပြောင်ဖြင့်ပင် ဂရုမစိုက်သလို
အချိုးမျိုးချိုးကာ ပြောလိုက်သည်။ သို့သော်ငြား သူမစိတ်ထဲမှာ မည်မျှအထိ ရှက်ရွံ့ကြောက်လန့်နေသည်ကိုတော့ဖြင့်
သူမကိုယ်တိုင်ပင် မမှန်းဆနိုင်တော့ပေ။

ဖြန်း!!!

မြသား၏ပါးပြင်တစ်ဖက် နောက်တစ်ကြိမ် ကျိန်းစပ်သွားရပြန်သည်။

မဟာစိုးကိုကြည့်ရင်း စိတ်၏အနက်ရှိုင်းဆုံး အတွင်းဘက်ဆီကနေ ကြောက်လန့်လာ၏။ သူမအား
ချောင်ပိတ်ကာနှိပ်စက်၍ အသေသတ်လေမည်လား။ အနားမှာ တစ်ယောက်ယောက်ရှိလျှင်တောင် အမှားကျူးလွန်ထားသည့် သူမဘက်က
ကာကွယ်ပေးမှာမဟုတ်။ သူမကျူးလွန်ထားတာက ပေါ့ပေါ့တန်တန် ပြဿနာသေးမွှားမွှားလေးလည်း မဟုတ်ပေ။

အဝါရောင်အိပ်မက် (completed)Where stories live. Discover now