[Zawgyi]
"ဟားးး ဟားးး ငါ့တူကတော့ ဖြစ်ရမယ်ကွာ...."
"လေးသက်နော်.. သားကိုလာပြီး ရယ်မနေပါနဲ့။ သားမှာ အဲ့တုန်းက ရင်ဘက်ထဲမှာတောင် ဒိန်းဒိန်း,ဒိန်းဒိန်းနဲ့ မြည်အောင် အရမ်းကြောက်နေတာ။ အခန်းထဲမှာပိတ်ပြီး နှိပ်စက်ရင် ဘယ်လိုလုပ်မလဲဆိုပြီးတော့"
"ဟားးး အဲ့လောက်တောင်ပဲလားကွ။ ငါ့တူကလည်းကွာ... အဲ့လိုလှောင်ပိတ်ပြီး သူက အနိုင်ကျင့်တော့လည်း ဖြစ်ချင်ရာဖြစ် ပြန်ခုခံရမှာပေါ့ကွ။ သွန်းလေးက
မင်းထက် လူကောင်ကြီးနေတာလည်း မဟုတ်ဘဲနဲ့.. အဲ့လောက်ကြောက်နေရလား""လေးသက်ကလည်း.. အဲ့ဒီအကိုလေးကို
ဒေါ်လေးသီရိတောင်မနိုင်တာ သိရဲ့သားနဲ့""အေးပါအေးပါ။ ဘာပဲဖြစ်ဖြစ် မင်းသီချင်းဆိုကောင်းလို့ သွန်းလေး ဆုချလိုက်တာတွေ မနည်းဘူးလေကွာ။
သွန်းလေးလို ငဂျစ်ကောင်ကတောင် အရေးပေးနေပြီဆိုတော့ ငါ့တူက တယ်ချစ်မွှေးပါတာကိုးကွ..ဟားးးဟားးးး"သူ့ကို လှောင်ချင်တိုင်းလှောင်နေသည့် လေးသက်အား
မင်းခ စိတ်ကောက်သွားပြီ။ ယောက်ျားလေးပီသစွာ နှုတ်ခမ်းကို နှာခေါင်းထိပ်နှင့် ထိမတတ်ဆူထော်ရင်း ဦးလေးဖြစ်သူအား မျက်စောင်းသေးသေးလေးတစ်ချက် ထိုးလိုက်သည်။လေးသက်နားတွင် ဆက်ထိုင်မနေချင်တော့၍
အိမ်စာရေးရန် စာကြည့်စားပွဲလေးရှိရာသို့ မင်းခထလာလိုက်သည်။ သူစာရေးရန်ပြင်နေသည့် အချိန်အထိ အရယ်မရပ်သေးသော လေးသက်ကို တစ်ချက်ပြန်ကြည့်လိုက်ရင်း မင်းခ သက်ပြင်းချမိ၏။အကိုလေးအနိုင်ကျင့်သမျှတိုင်းကို ပြန်ပြောပြရင်ရော လေးသက်က အခုလိုရယ်နေဦးမှာလား?
၏၊သည်မရွေး ဆက်ပြောပြမနေဖြစ်တော့။
မိမိအား အထင်အမြင်သေးစွာဖြင့် အနိုင်ကျင့်ဗိုလ်ကျနေသည်ကို မင်းခမပျော်သော်လည်း လူကြီးတွေရှေ့မှာတော့ ပြန်ပြီးမတိုင်ချင်။
အနိုင့်ကျင့်ခံရတာ ရှက်လို့ဆိုခြင်းထက် အကိုလေးကို
အခုထက်ပိုပြီး အမြင်ကပ်သွားမှာစိုးရိမ်သည့် စိတ်လေးကြောင့်လည်း နှုတ်ဆိတ်နေလိုက်ခြင်းပင်။
ŞİMDİ OKUDUĞUN
အဝါရောင်အိပ်မက် (completed)
Romantizm(zawgyi & unicode) အိပ်မက်တွေမှာ အရောင်တွေရှိတတ်လား? ခင်ဗျားတို့မြင်မက်နေကျ အိပ်မက်တွေဟာ အရောင်အဆင်းမရှိတာလည်း ဖြစ်နိုင်သလို ဖြူပြာနီဝါရောင်စုံတဲ့ အိပ်မက်တွေလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ထူးဆန်းတယ်။ ကျွန်တော်ရဲ့အိပ်မက်တွေကိုတော့ အဝါရောင်ကောင်လေးတစ...