အခန်း-၆၄

Start from the beginning
                                    

မင်းခက စကားမပြောခင် သက်ပြင်းတစ်ချက်ချလိုက်ရင်း...

"ဇာနည့်ကို အိမ်ပြန်ဖို့ ဖျောင်းဖျပေးပါလား အရိပ်။
သူ့မိဘ​တွေက နှင်ချလို့သာချ​လိုက်​ပေမယ့် သူတို့သား အငယ်ဆုံးလေးဆိုတော့ စိတ်ပူနေကြတယ်။
မနေ့ကလည်း ကိုယ့်အိမ်ကိုလာသွားသေးတယ်"

"သူတို့က ဇာနည့်ကို ဘာလို့နှင်ချတာလဲ"

ပုံရိပ်ပြန်မေးပုံက ဇာနည်တို့ ပြဿနာတတ်ရသည့်
အကြောင်းရင်းကို ဘာမှမသိသလို...

"အရိပ် တကယ်မသိတာလား"

"ဟင့်အင်း.. မသိဘူးလေ။ သူကလည်း မပြောပြဘူး။
ကျွန်တော်လည်း ကိုယ်နဲ့မဆိုင်လို့ ဘာမှမမေးဖြစ်ဘူး"

ဘာဆိုဘာမှ မေးထားပုံမရသည့် ပုံရိပ်၏စကားကြောင့် မင်းခခမျာ ငိုအားထက် ရယ်အားသန်ချင်ချင်...

"အဲ့ငတိလေးး အရိပ်ကို ချစ်နေတာတော့ သိလောက်ပါတယ်နော်"

ပုံရိပ်သိသည်ဟု ဇာနည်ပြောဖူးတာကြောင့် မင်းခက ရယ်ချင်ပင်ကျိဖြင့် တမင်မေးလိုက်ခြင်းသာ။
သို့သော်လည်း ခဏကြာသည်ထိ ဘာမှပြန်မဖြေဘဲ မျက်မှောင်ကုတ်၍ စဉ်းစားနေသည့် ပုံရိပ်ကြောင့် တစ်ခုခုမှားနေသလို မင်းခ ခံစားလာရသည်။

"အရိပ်"

"သူက ဘာလို့ချစ်ရတာလဲ"

"•••"

"ကျွန်တော်က သူ့အပေါ်မှာလည်း မကောင်းဘူး။
နောက်ပြီး ကျွန်တော်က အရမ်းစိတ်ပျက်စရာ ကောင်းတဲ့သူမှန်းလည်း သူသိရဲ့သားနဲ့ ကျွန်တော့်ကို
ဘာလို့မရွံသွားသေးတာလဲ"

သူက ခပ်ပေါ့ပေါ့စလိုက်သော်လည်း အလေးအနက်စဉ်းစားပြီး မေးခွန်းပြန်ထုတ်နေသည့် ပုံရိပ်ကြောင့် မင်းခ သက်ပြင်းများရှိုက်မိသည်။

ကြည့်ရတာ ပုံရိပ်က သူ့အတိတ်ဆိုးကြီးကို
ပြန်တွေးမိနေပြန်ပြီထင်၏။ ထိုအတိတ်နှင့်ပတ်သက်လာလျှင် ပုံရိပ်ကို ဘယ်လိုအားပေးနှစ်သိမ့်သင့်လဲဆိုတာကို မင်းခ ခုထိအဖြေရှာလို့မရနိုင်သေး။

ထို့ကြောင့် စကားလမ်းကြောင်းလွှဲရန်သာ စဉ်းစားမိပြီး...

"အဲ့ဒါကျ ကိုယ်လည်း သေချာတော့မပြောပြတတ်ဘူး။ ကိုယ့်အပေါ်ကောင်းလို့ ချစ်မိသွားကြတဲ့လူတွေလည်းရှိသလို ကိုယ့်ကို အနိုင်ယူပြီး ဗိုလ်ကျနေတတ်တဲ့လူကိုမှ
တန်းတန်းစွဲချစ်မိသွားတဲ့လူတွေလည်း ရှိတာပဲလေ"

အဝါရောင်အိပ်မက် (completed)Where stories live. Discover now