အခန်း-၆၁

Start from the beginning
                                    

"......"

"တကယ်ဆို အဲ့အချိန်တုန်းက ဒေါ်လေးသီရိလည်း ကျဉ်းထဲကျပ်ထဲအခြေအနေမျိုးမှာ ပိတ်မိသွားခဲ့တာ။
ကိုကို့ကို ဒေါ်လေးက ချစ်ရှာပါတယ်။ ကိုကို အထဲကို မရောက်အောင်လည်း သူအစွမ်းကုန် ကြိုးစားခဲ့သေးတာ။ ငယ်ငယ်ကတည်းကလည်း ကိုကို့ကို ဒုက္ခရောက်အောင်လုပ်ရင် သူ့ချစ်သူကိုတောင် ပြတ်ပြတ်သားသား စွန့်လွှတ်ခဲ့ဖူးတာပဲလေ"

သွန်းအုပ်က မင်းခအား မျက်မှောင်ကြုတ်ကြည့်လိုက်ရင်း...

"မင်းက မေလွန်းမှိုင်းတွေ တော်တော်မိထားတာပဲ"

"ကိုကိုကလည်း.. ကျွန်တော်ပြောတာတွေက မှားနေလို့လား"

"မမှားဘူး။ မှန်လည်းမမှန်ဘူး။ ထပ်လည်းပြောပြမနေနဲ့။မကြားချင်ဘူး"

"ကိုကိုရာ..."

မင်းခ အတော်လေး စိတ်ဓာတ်ကျသွားသည်။
အဓိကသိချင်နေသည့် မေးခွန်း၏အဖြေကိုပင် မရလိုက်။ ထပ်မေးလျှင် သွန်းအုပ်က ပိုပြီးစိတ်တိုတော့မှာမို့ ပါးစပ်ပိတ်ပြီး အသာလေးငြိမ်နေလိုက်သည်။

သို့သော်လည်း မင်းခ၏စကားများကြောင့် စိတ်ထဲ
ခိုးလို့ခိုးလု ဖြစ်သွားရသည့် သွန်းအုပ်ကတော့ မင်းခအား
အ​သေအချာစိုက်ကြည့်လာရင်း...

"မင်းက ဘာလို့ အဲ့ဒီ မိုးသားဆိုတဲ့ကောင်အကြောင်းကို စိတ်ဝင်စားနေရတာလဲ"

"သူ့ကို စိတ်ဝင်စားတာ မဟုတ်ပါဘူး။ ကိုကိုနဲ့
ဆုံဖူးသလားဆိုတာကိုပဲသိချင်တာ"

"......"

သွန်းအုပ်က ဘာမှမပြော ဒီအတိုင်းသာ ဆက်ကြည့်နေတာကြောင့်....

"ဟို.. အဲ့ဒါကလေ။ တကယ်တော့ ကိုကို့ကို
ကျွန်တော် ပြောပြချင်နေတာ။ မိုးသားနဲ့ပတ်သတ်ပြီးတော့လေ"

"ပြောလေ။ နားထောင်ကြည့်ရတာပေါ့"

"အဲ့ကောင်လေးက တအားသနားဖို့ကောင်းတာ"

"•••"

စလာကတည်းက နားကလော်စေသည့် စကားလုံးများဖြင့် နိဒါန်းပျိုးလာတာမို့ မင်းခရဲ့ပါးစပ်ထဲ အဝတ်စုတ်ထိုးထည့်လိုက်ချင်တဲ့အထိ သွန်းအုပ် စိတ်မသက်မသာဖြစ်သွားရသည်။

အဝါရောင်အိပ်မက် (completed)Where stories live. Discover now