အခန်း-၅၈

Start from the beginning
                                    

ဟုတ်သည်။ သေချာပါသည်။ ပုံရိပ်သွင် တစ်ဖြစ်လဲ လွန်းမိုးသားဆိုသည့် သူက သွန်းအုပ်ပြောသလို ရက်စက်ကောက်ကျစ်ပြီး နှလုံးသားကင်းမဲ့သူသာ ဖြစ်ပါသည်။

-------------------

ပြတင်းပေါက်မှတဆင့် တိုးဝင်လာသည့် နေရောင်ခြည်က မျက်နှာပေါ်ထိ ကျရောက်လာပြီမို့ သွန်းအုပ်အိပ်ရာက နိုးလာသည်။ မင်းခကတော့ မနိုးသေး။ သို့သော်လည်း အိပ်ပျော်ခါစတုန်းကအတိုင်း သူ့အား ပွေ့ဖက်ထားဆဲပင်။

မင်းခက အိပ်မောကျနေသည်။ အလင်းရောင်
တော်တော်စူးနေတာကိုပင် နိုးမလာ။ အိပ်ရာနိုးနိုးချင်း ဘာထလုပ်ရမှန်းမသိလည်း ဖြစ်နေတာမို့ အိပ်ပျော်နေသည့်
မင်းခမျက်နှာကိုသာ အားအားယားယား ငေးကြည့်နေလိုက်သည်။

သူ့နဖူးဆီ ခပ်မှန်မှန်လာရောက်ထိတွေ့နေသည့်
မင်းခ၏ အသက်ရှုငွေ့တို့က ပူပူနွေးနွေး။ စိုးရိမ်စိတ်ဝင်သွားတာမို့ နဖူးလေးကို အသာစမ်းကြည့်လိုက်တော့ ထင်လိုက်သည့်အတိုင်း ဖျားနေပြီ။

တစ်ခုခုလုပ်ပေးရန် စဉ်းစားမိပြီး အိပ်ရာကထဖို့လုပ်တော့...

"ကိုကို ဘယ်သွားမလို့လဲ"

မဖွင့်ချင်ဖွင့်ချင်မျက်လုံးများနှင့် အိပ်ရာကနိုးလာပြီး အားမရှိသည့်အသံဖြင့် မပွင့်တပွင့်မေးလာသည့် မင်းခ။

မျက်စိအောက်က အပျောက်မခံတာမျိုး မဟုတ်တော့ဘဲ
လက်ထဲကကို လွှတ်မပေးတော့သည့် မင်းခအား
သွန်းအုပ် မျက်လုံးစွေကြည့်လိုက်ရင်း...

"ဒီလောက်ဖျားနေတာတောင် ငါ နည်းနည်းလေး
လှုပ်လိုက်တာနဲ့ တန်းနိုးလာသေးတယ်နော်။ ငါ့ကို ချီးပါသေးပေါက်ခွင့်လေးလည်း ပေးပါဦး ​နေမင်းခရဲ့။ တစ်ကိုယ်လုံးလည်း တော်တော်ချိနေပြီ"

"ကျွန်တော် တောင်းပန်.."

မင်းခက မျက်နှာငယ်လေးနှင့် တောင်းပန်ဖို့ ကြံရုံရှိသေး... စကားမဆုံးခင် သွန်းအုပ်က ပြူးပြူးပျာပျာဖြင့် ကြားဖြတ်၍

"နေ...နေ။ တောင်းပန်တာ​တွေဘာ​တွေနဲ့ လေများမနေနဲ့။ တော်ကြာ ငိုလိုက်လို့ ခေါင်းပါထပ်မူးလာလိမ့်ဦးမယ်။ ကိုယ့်ဘာသာ ဆက်အိပ်ဖို့ရှိတာအိပ်။ မြန်မြန်
နေပြန်​ကောင်း​ဖို့ပဲကြိုးစား။ စကားတွေရှည်ပြီး
မကြီးမငယ်နဲ့ ချွဲမနေနဲ့"

အဝါရောင်အိပ်မက် (completed)Where stories live. Discover now