"မေမေ.. ဈေးကပြန်လာတာ မောနေပြီမလားဟင်။ ရေသောက်လိုက်ဦးနော်"

စိတ်ထဲ၌ အမေဖြစ်သူကို ကြောက်လန့်နေမိသော်လည်း မိုးသားလေးက အပြုံးချိုချိုလေးဖြင့်သာ ဆီးကြိုသည်။

မြသားကမူ တစ်ချက်ပင်စောင်းငဲ့မကြည့်။ မိုးသားလေး၏ အသံကိုကြားသည်နှင့် မျက်နှာက ပိုရှုံ့ တွသွားကာ တခြားနေရာသို့ ထသွားရန်ပြင်လိုက်ရင်း...

"အသေဆိုးနဲ့ သေမယ့်ဟာလေးက
ဘယ်လောက်ပြောထားထား ဘယ်တော့မှ
ေ-ာက်အလိုက်ကမ်းဆိုး မသိလာဘူး!
ငါစိတ်မကြည်တဲ့အချိန် နင့်ရုပ်ကိုမြင်ရင် ပိုစိတ်တိုတတ်တာ  နင့်ေ-ာက်ဦးနှောက်က ဘယ်တော့မှမှတ်မိမှာလဲ!"

"....."

"ကျက်သရေကိုတုံးတယ်။ ဘယ်သူ့မှ ကောင်းကျိုးမပေးတဲ့ မကောင်းဆိုးဝါးလေး။ နင်က အသက်ရှင်နေဖို့တောင် မတန်ဘူး။ လူ့လောကရောက်မလာခင်ကတည်းက ငါ့ကို
ေ-ာက်ဒုက္ခတွေချည်းပေးလာတာ"

"•••"

မြသားက သူမ စိတ်မကြည်သည့်အခါတိုင်း ပြောလေ့ရှိသည့် စကားများဆိုသော်လည်း မိုးသားလေးအတွက်ကတော့ တစ်ခါကြားရတိုင်း တစ်ခါဝမ်းနည်းရဆဲပင်။

"မျက်ရည်စမ်းတမ်းစမ်းတမ်း လုပ်မယ်မကြံနဲ့နော်။ အိမ်မှာ ကျက်သရေတုံးတယ်။ လူမဖြစ်ခင်ကတည်းက
နင်အဲ့လောက်ကျက်သရေတုံးနေလို့ ငါလည်းဘဝပျက်တာ။ လွန်းက နင့်ကို မရွေးခဲ့တာလည်းမမြင်နဲ့..
'တူ'ချင်းအတူတူတောင် နင်က သွန်းလေးလိုမှ ကျက်သရေမရှိတာ"

ငိုလျှင် မေမေက ပိုစိတ်ဆိုးမှာမို့ မငိုမိအောင်
ပြုံးပြီးတော့သာ နေ,နေလိုက်ရသည်။
တကယ်ဆို မေမေပြောတာတွေအကုန်လုံးကို သေချာနားမလည်တာတောင် နားလည်သလောက်နှင့်ပင် စိတ်ထဲမှာ တော်တော်ဝမ်းနည်းနေရပြီ။ သူတစ်ခါမှ
မမြင်ဖူး၊မသိဖူးသည့် သူအစ်ကိုနှင့် နှိုင်းယှဉ်၍ အပြောခံရတိုင်းလည်း အားငယ်စိတ်ဝင်လာရစမြဲမို့ ဒီတစ်ကြိမ်လည်း သိမ်ငယ်မိရပြန်သည်။

မေမေခိုင်းသမျှကိုလည်း လုပ်ပေးပါသည်။
မေမေပြောသည့်အတိုင်းသာ အမြဲတမ်းနေခဲ့သည်။ လိမ်လိမ်မာမာနေသော်လည်း သူ့အား မေမေက တခြားသူများ၏အမေတွေ သူတို့ကလေးတွေကို ချီးကျူးသလို မချီးကျူးခဲ့။ ထို့အပြင် သူ့ကိုမြင်လိုက်တိုင်း မေမေက စိတ်တိုသွားတတ်သေးတာမို့ အခုလည်း ဘာစကားမှမပြောရဲတော့။

အဝါရောင်အိပ်မက် (completed)Where stories live. Discover now