အခန်း-၃၈

Start from the beginning
                                    

မင်းခ မနက်စာစားရန်အတွက် သူကိုယ်တိုင် ပြင်ဆင်ယူလာသည့် ဆီချက်ခေါက်ဆွဲပါဆယ်ဘူးများနှင့် မင်းခ ကျောင်းရောက်လျှင်နေ့လည်စာစားဖို့ သူ့လက်ရာထမင်းချိုင့်ကို အိမ်ရှေ့ရှိစားပွဲတစ်ခုပေါ်တွင် တင်လိုက်သည်။ အိမ်အနောက်ဖက်ထဲသို့ ဝင်မည်အပြု..

"ဝှါးးးးး"

အိမ်အတွင်းခန်းထဲမှ အပျင်းကြောဆန့်၊ ပါးစပ်ကို အာကုန်ချဲ့၍ သမ်းဝေရင်း အိမ်ရှေ့သို့ထွက်လာသည့် ဇာနည့်ကိုတွေ့လိုက်ရတာကြောင့် ပုံရိပ် အလိုလို မျက်မှောင်ကြုတ်မိလျက်သား။

ကျစ်!
အဲ့ကောင်လေးက ဒီတသက် သူ့အိမ်သူပြန်ဖို့အစီအစဉ်ရော ရှိသေးရဲ့လား?

ဇာနည်က ပုံရိပ်ကိုမြင်တော့ ဝမ်းသာအားရသည့်ဟန်ဖြင့် ပြေးဖက်ရန်ပြင်သည်။ ပုံရိပ်က ရုတ်တရက်လန့်သွားပြီး နောက်သို့ ခြေသုံး၊လေးလှမ်းလောက်ဆုတ်၏။ ထိုစဉ်
ပုံရိပ်၏ ခြေလှမ်းတစ်ချက်ဟန်ချက်ပျက်သွားပြီး ကြမ်းပြင်ပေါ်တွင် ပုံရိပ် ဖင်ထိုင်လျက်သားလေး လဲကျသွားသည်။

နာကျင်မှုကြောင့် ပုံရိပ်၏မျက်နှာလေးက ရှုံ့ မဲ့နေသည်။ ချက်ချင်းပြန်ထရန် ကြိုးစားကြည့်သော်လည်းမရ။ ချွေးစတို့က မျက်နှာနုနုထက်တွင် ချက်ချင်းဆိုသလို စိုစွတ်လာသည်။

ဇာနည်က ပုံရိပ်၏ဘေးတွင် ဒူးတစ်ဖက်ထောက်လျက် ထိုင်လိုက်ရင်း...

"ဟာာ ဘွာတေး! ဘွာတေး! ကျွန်တော်က
အကို့ကိုမြင်လိုက်တော့ ဝမ်းသာလုံးဆို့သွားလို့"

ဇာနည်က လဲကျ​နေသည့်ပုံရိပ်အား ထူပေးရန် လက်ကမ်းပေးလိုက်သည်။ သို့သော်လည်း ပုံရိပ်က
သူ့အား လျစ်လျူရှုထားရင်း ကိုယ်တိုင်အားပြု၍ ပြန်ထနိုင်ရန်သာ ပြင်နေပြန်၏။

ဇာနည် နှာခေါင်းရှုံ့ လိုက်သည်။ ပုံရိပ်ဆိုသည့် ဒီပိုးဟပ်ဖြူလူသားကို လူအများတကာက
ဆက်ဆံရေးကောင်းသည်ဟု ချီးမွမ်းခန်းဖွင့်ကြသော်လည်း သူနှင့်ဆုံလိုက်တိုင်းတော့ ပုံရိပ်က သူ့အပေါ်တွင် အခုလိုမျိုးသာ ချေမိုး၍ ဆက်ဆံ​နေတတ်သည်။ ပုံရိပ်နှင့်ရင်းနှီးလာစေရန် ကြိုးစားကြည့်သော်လည်း
သူ့ကို အမြင်ကြည်ပုံမရသည့် ပုံရိပ်က အဖက်ပင်မလုပ်။

အဝါရောင်အိပ်မက် (completed)Where stories live. Discover now