အခန်း-၃၃

Mulai dari awal
                                    

"ရှင်ကဘာမို့လို့ ရှင့်ဆုံးဖြတ်ချက်ကိုကျွန်မက လိုက်လျောရမှာလဲ"

"ငါက မင်းရဲ့အိမ်ထောင်ဦးစီးလေ နောက်ပြီး"

သွန်းခန့်ပိုင်၏စကားမဆုံးသေးခင် မဟာစိုးက ဟက်ခနဲရယ်၏။

"ဟက်! အိမ်ထောင်ဦးစီး? ရှင်အခုနေနေတာကလည်း ကျွန်မအိမ်၊ ရှင်အခုလုပ်နေတာကလည်း
ကျွန်မလုပ်ငန်းတွေချည်းပဲ! ငါအိမ်ထောင်ဦးစီးဆိုတဲ့ ဘဝင်တက်ပြီး ငါကြိုက်တာငါလုပ်လို့ရတယ်ဆိုတဲ့အချိုးမျိုး ကျွန်မအပေါ်ချိုးခွင့် ရှင့်မှာရှိလို့လား"

"မဟာစိုး! မင်း!"

သွန်းခန့်ပိုင် ခံပြင်းမှုဖြင့် မဟာစိုးအားလက်ရွယ်မိသည်။ သူဘာအမှားမှ မလုပ်ခဲ့ရသေးစဉ်ကတည်းကလည်း မဟာစိုးက ထင်ကြေးဖြင့်စွပ်စွဲသည်။ အမှားလုပ်မိ၍ ဝန်ခံတောင်းပန်ပြန်တော့လည်း အချိန်ပြည့် ခနဲ့သည့်စကားလုံးများဖြင့် ထိုးနှက်ပြန်၏။ အခုလည်း ယောက်ျားမာနကိုပါ ထိပါးစော်ကားသည့်စကားများအား ပြောထွက်ပြန်ပြီ။

သို့သော်ငြား အပြစ်ရှိသူကသူဆိုသည့်အသိကြောင့်
ဒေါသစိတ်များကို အတတ်နိုင်ဆုံး ချုပ်တည်းလိုက်သည်။ မဟာစိုးက သူ့အား အံ့သြကြီးစွာဖြင့် ကြည့်နေ၏။နားမလည်နိုင်စွာ၊ ခံပြင်းနာကျည်းစွာဖြင့်...။

-

-

အဖေနှင့်အမေက စကားအချေအတင်ပြောပြီး ပြဿနာတက်နေကြတာကို တံခါးအကွယ်တွင်ရပ်ပြီး ချောင်းကြည့်နေရာမှ သွန်းလေး ထွက်လာခဲ့လိုက်သည်။ ဝင်တားချင်သော်လည်း မိဘနှစ်ယောက်စလုံးက ဒေါသထွက်စိတ်ဆိုးနေကြပုံရတာမို့ အခန်းထဲသို့ပင် ခြေမလှမ်းရဲ။

မေကြီးနဲ့ဖေကြီးတို့ ဘာတွေဖြစ်နေကြတာလဲ?

လွန်ခဲ့သည့်လများတုန်းကလည်း သူ့ရှေ့မှာပင်
မေကြီးက မေလွန်းနှင့် စကားများသေးသည်။ သူမှတ်မိသလောက်ကတော့ မေလွန်းက မေကြီးအား ကလေးလေးတစ်ယောက်ကို သူအဖော်ရစေရန် မွေးစားမည့်ပုံစံမျိုးပြောနေကြသည်။

မေကြီးကတော့ လက်မခံဘဲ ခါးခါးသီးသီးဖြင့်ငြင်းခဲ့၏။ အနားတွင်ထိုင်နေသည့် သူ့ကိုယ်လုံး
လုံးလုံးသေးသေးလေးကိုပါ ဆွဲယူကာပွေ့ဖက်လိုက်ရင်း..

အဝါရောင်အိပ်မက် (completed)Tempat cerita menjadi hidup. Temukan sekarang