အခန်း-၂၈

Începe de la început
                                    

ည တစ်နာရီထိုးခါနီး...

မရတော့။ ဒေါ်ခင်မဟာက သူမ၏ဒရိုင်ဘာနှင့် ကိုအေးထွန်းအား သွန်းအုပ်ရှာပုံတော်ဖွင့်ရန် စေခိုင်းတော့သည်။

"ကြီးကြီ သမီးလည်း သူတို့နဲ့လိုက်သွားချင်တယ်။"

ခင်ထွေး၏တောင်းဆိုမှုအား ဒေါ်ခင်မဟာက.....

"ဘာလဲအေ့။ ညည်းက ညည်းယောက်ျားကို စိတ်ပူလို့လား။"

"....."

ခင်ထွေး ဘာမှပြန်မဖြေဖြစ်။

ဦးကျော်ဦးကိုမမြင်မိ။ ဟိုနေ့က ဦးကျော်ဦး တစ်စုံတစ်ယောက်နှင့် ဖုန်းပြောနေသည်ကို သူမကြားထားသည်။ သူမ သိသလောက် ဦးကျော်ဦးက ဒေါ်လေးသီရိအား မကျေနပ်သည့်ကိစ္စတချို့ရှိနေ၍ ဤအိမ်သို့ မရိုးသားသည့်အကြံဖြင့် ရောက်လာသည်။ ထို့အပြင် ဖုန်းထဲမှတစ်ဆင့် ညွှန်ကြားနေသည့်သူ၏ စေခိုင်းမှုကြောင့် ဒေါ်လေးသီရိအား စိတ်ဒုက္ခရောက်စေရန် ဒေါ်သီရိအတွက် အရေးပါသူအား အန္တရာယ်ပေးဖို့ သူတစ်ခုခုလုပ်လိမ့်မည်။

ထို့ကြောင့် အခုလို သွန်းအုပ်ပျောက်နေသည့်အချိန်မျိုး၌ ဦးကျော်ဦးကိုပါ မမြင်မိခြင်းအား သတိပေးဖို့အတွက်
သူမ ငြိမ်ထိုင်နေလို့မဖြစ်။ ထို့ကြောင့် ဒေါ်သီရိအား
ဦးကျော်ဦးကို မမြင်မိကြောင်းပြောပြလိုက်သည်။ သို့သော်လည်း သူ့သမီးတတ်နေသည့်
ဆေးရုံကိုသွားသည်ဟူသော အဖြေကြောင့် ဆက်မပြောဖြစ်တော့။

သူမပါ လိုက်ရှာချင်လာသည်။ သူမက ကလေးသာသာ အရွယ်သာဖြစ်တာမို့ အခုလို ကိစ္စအကြီးကြီးအား သူမ ပြောရန်မသင့်။ မင်းခ သို့မဟုတ် သွန်းအုပ်အား အရင်အသိပေးသင့်သည်ဟုထင်မိသည်။ ထို့ကြောင့်
သွန်းအုပ်နှင့်မင်းခအား လိုက်ရှာရန်လွှတ်သည့်အထဲ သူမပါလိုက်ရန် ဒေါ်ခင်မဟာကို တောင်းဆိုမိခြင်းပင်။

"လိုက်ချင်ရင်လည်း လိုက်သွားပေါ့အေ။
ညည်းမှာလည်း မတော်တဆရထားတဲ့ လင်မို့လို့သာပဲ။ ပျာယာခပ်နေလိုက်တာများ မျက်စိတောင်နောက်လာတယ်"

"......"

ဒေါ်ခင်မဟာ၏ ခနိုးခနဲ့စကားများကိုလည်း ခင်ထွေးမတုံ့ပြန်ဖြစ်။ မနက်ဖြန်မနက်မိုးလင်းသည်နှင့် ကိစ္စများအားလုံးကို လူစုံတက်ညီ၏ရှေ့မှောက်၌ ရှင်းပြမည်ဟု စိတ်ထဲ၌တေးမှတ်ထားလိုက်၏။

အဝါရောင်အိပ်မက် (completed)Unde poveștirile trăiesc. Descoperă acum