အခန်း-၂၇

Start from the beginning
                                    

"သွန်းလေးး ဘာလို့အဲ့လောက် ဒေါသတွေကြီးနေတာလဲ။ ဘယ်သူက မင်းအိမ်မှာ တသက်လုံးအလုပ် လုပ်ပေးနေနိုင်မလဲ။ အခု မင်းခက
အိမ်ထောင်လည်းကျနေပြီ။ သူ့တို့ဘဝနဲ့ သူတို့ ဘာဆက်လုပ်ရမလဲ ရွေးချယ်ကြရမှာ သူတို့ရဲ့ အခွင့်အရေးပဲလေ။ မေလွန်းလည်း ဦးသက်လွင်ကို တားခဲ့တာပဲ။ မရတာတော့ မေလွန်းလည်းမတတ်နိုင်ဘူး။ မင်းရဲ့ ဝေယျာဝစ္စတွေလုပ်ပေးဖို့ကိုတော့ နောက်လူသစ် ထပ်ရှာပေးမယ်။"

"မလိုပါဘူး။ ကျွန်တော်က အကူအညီလိုနေတဲ့လူ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ ထပ်ပြီးခေါ်ပေးစရာလည်း မလိုဘူး"

"......"

"နောက်ပြီး ဦးလေးသက်ကို မရရအောင် တားပေးပါ။ သူအလုပ်ထွက်ဖို့ ကျွန်တော် ခွင့်မပြုဘူး။"

ဒေါ်သီရိ နှုတ်ဆိတ်၍သာ နေလိုက်သည်။
သွန်းလေးရင်ထဲ ဘာတွေဖြစ်နေသလဲဆိုတာကို သူမမြင်နေရသည်။ မင်းခကို အလွန်ခင်တွယ်နေသည်ဖြစ်၍ လက်မလွှတ်နိုင်ဖြစ်နေခြင်းပင်။ မင်းခနှင့်ခင်ထွေးတို့ ပြဿနာစဖြစ်သောနေ့ကလည်း မင်းခကိုဆုံးမနေသည့် ဦးသက်လွင်ကို ထိုးကြိတ်ရန်ရွယ်ခဲ့သည်မှာ
အားလုံးလည်း မျက်မြင်ဖြစ်သည်။

"သွန်းလေး မင်းခကိုခင်မှန်း မေလွန်းသိပါတယ်။
ဒါပေမယ့် သူကအရင်လို လွတ်လပ်တဲ့သူမှ မဟုတ်တော့တာ။ နောက်ပြီး သူက အဲ့လိုလူမျိုးဆိုမှတော့ သွန်းလေးအနားမှာ ဆက်မရှိတာက ပိုကောင်းတယ်မလား"

သွန်းအုပ်က ဒေါ်သီရိအား စူးခနဲကြည့်လိုက်သည်။
အံကြိတ်ပြီး ဘာမှမပြော။

"မေလွန်း အရင်က တကယ်ကို တားခဲ့တာ။
ဦးသက်လွင်ကိုယ်တိုင် ဘာပြောပြီးငြင်းသလဲ သွန်းလေးလည်း ကြားတာပဲ။"

"ထားလိုက်တော့! ကျွန်တော်ကိုယ်တိုင် ပြောမယ်"

"......"

"နောက်ပြီး မင်းခက မေလွန်းတို့ အထင်သေးလောက်စရာ
လူမဟုတ်တာ မှတ်ထားပါ။ နောက်ဆိုရင် စကားကို ဆင်ဆင်ခြင်ခြင်ပြောပါ မေလွန်း"

-

-

ခြံတံခါးကိုဖွင့်ပြီး အပြင်ထွက်ရန်ပြင်နေသည့်
သွန်းအုပ်အား ဒေါ်ခင်မဟာ လှမ်းမြင်လိုက်တာမို့ ခြံထဲမှာ လမ်းလျှောက်နေရင်းကနေ သွန်းအုပ်အနားသို့
လျှောက်သွားလိုက်သည်။

အဝါရောင်အိပ်မက် (completed)Where stories live. Discover now