အခန်း-၂၅

Comenzar desde el principio
                                    

"ခေါင်းခြောက်ခံစဉ်းစားမနေနဲ့။ နင်စဉ်းစားနေလည်း နင့်လူက မိန်းမရသွားပြီ။ မထင်ထားဘူးဟာ။
မင်းခကို အဲ့လိုလုပ်လိမ့်မယ်လို့။"

စကားသံနှင့်အတူ လူကပါ ကဗျာဦးဘေးတွင်
ဝင်ထိုင်ပြီးနေပြီဖြစ်သော ကိုကျော်စွာဦး။

"ကိုကြီး နင်လာစမနေနဲ့နော်! ငါအတည်တင်းနေတာ။"

"တင်းမနေစမ်းပါနဲ့ဟာ။ ဟိုက မိန်းမ မယူဖြစ်သေးလည်း နင်နဲ့ရဖို့အစီအစဉ်က အစောကြီးကတည်းက မရှိတာ။"

"ကိုကြီး! နင်ဝေးဝေးသွားနေလိုက်တော့!"

"စတာပါ မိကဗျာရယ်။ နင်ကလည်း ငကန်းမနိုင်၊နားပင်းလာမဲနေတာပဲ"

"....."

"ငါလည်း စလို့သာစနေတာပါဟာ။ မင်းခကိုတော့
တကယ်နှမြောတယ်။ နောက်ပြီး မင်းခက အလားအလာကောင်းတဲ့သူမလား။"

စိတ်မောစွာဖြင့် ကိုကျော်စွာ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

"ကိုကြီး ငါတွေးမိတာတစ်ခုရှိတယ်"

"ပြောလေ ဘာလဲ"

"ဟိုကောင့်ပယောဂ မကင်းဘူးလို့ထင်တယ်။ ကိုကြီးပဲ စဉ်းစားကြည့်။ ငါပြောဖူးပါရော။ နေမင်းခဆိုတဲ့ကောင်က အဲ့ကျက်သရေတုံးနဲ့ ပတ်သတ်လာရင် အရူးလိုဖြစ်နေတာလေ။ နောက်တစ်ချက်! နေမင်းခက ဘယ်တုန်းကမှ ဟော့ဟော့ရမ်းရမ်းနေတတ်တဲ့လူ
မဟုတ်ဘူး။ သူ့မှာ အသိရှိတယ်။ အဲ့လိုလူက
ဒီလိုအမှားမျိုးကျူးလွန်မိဖို့ဆိုတာ 100 percentမှာ 99.99 percent လောက်မဖြစ်နိုင်တာ။ 0.01 percent ကတောင် မဖြစ်နိုင်သေးဘူး။ ငါပြောတာယုံ.. အဲ့ကောင်အကြောင်း ငါအသိဆုံးပဲ ကိုကြီး။"

"....."

ကိုကျော်စွာက စိတ်ဝင်စားစွာဖြင့် ငြိမ်သက်နားထောင်နေ၏။

"ငါတော့ အဲ့လိုပဲတွေးမိနေတယ်။ ဒီကိစ္စက
သွန်းအုပ်စိုးပိုင်နဲ့ တစ်နည်းနည်းနဲ့ ဆိုင်ကိုဆိုင်တယ်။"

"အရက်မူးနေတုန်းဆိုတော့"

"တော်စမ်းပါ ကိုကြီးရာ။ မင်းခ အရက်မူးတယ်လို့  ပြောတာကို နင်ကယုံနေတာလား။ အဲ့ကောင်ကလေ အရက်လည်းရှောင်တယ်။ ဆေးလိပ်၊လောင်းကစားလည်း ရှောင်တယ်။ သူများလုပ်လည်း အဲ့လူနဲ့ဝေးဝေးမှာနေတယ်။
ဒီလိုကိစ္စကိုလည်း သူအသေမုန်းမှန်း ငါသိတာပေါ့။
ဘာလို့ဆို အဲ့လိုသတင်းတွေကြားပြီဆိုတာနဲ့ သူကကြားထဲကနေ ဒေါသတွေထွက်ပြီး ပြောဆိုနေတာ။ ငါ့တို့တစ်ခန်းလုံးအသိ"

အဝါရောင်အိပ်မက် (completed)Donde viven las historias. Descúbrelo ahora